ငလျင်ကယ်ဆယ်ရေးလုပ်ငန်းများစွမ်းစွမ်းတမံဆောင်ရွက်ခဲ့သူများကို ရုရှားနိုင်ငံက ဂုဏ်ပြုအမှတ်တံဆိပ်များပေးအပ်
ငလျင်ကယ်ဆယ်ရေးလုပ်ငန်းများကို စွမ်းစွမ်းတမံဆောင်ရွက်ခဲ့ကြသည့် မြန်မာနိုင်ငံကာကွယ်ရေးဝန်ကြီးဌာနမှ ကိုယ်စားလှယ်များကို ရုရှားနိုင်ငံ လူထုကာကွယ်ရေး အရေးပေါ်အခြေအနေများ နှင့် သဘာဝဘေးအန္တာရာယ်ဝန်ကြီးဌာန ( EMERCOM) က ဂုဏ်ပြုအမှတ်တံဆိပ်နှင့် ဂုဏ်ပြုလက်မှတ်များကို ယနေ့ (နိုဝင်ဘာ ၂၅ )ရက်က ပေးအပ်ခဲ့ကြောင်း သိရသည်။
အဆိုပါ ပေးအပ်ခြင်းအခမ်းအနားကို နေပြည်တော်ရှိ စစ်ကြောရေးနှင့်တည်းခိုရေးစခန်း ဆင်ဖြူရှင်ခန်းမ၌ ကျင်းပခဲ့ခြင်းဖြစ်သည်။
မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်မျိုးအောင် နှင့် မြန်မာနိုင်ငံဆိုင်ရာ ရုရှားသံအမတ်ကြီး H.E Mr.Iskander Azizov ၊စစ်ရေးချုပ်ဒုတိယဗိုလ်ချုပ်ကြီးဖုန်းမြတ်၊ ကာကွယ်ရေး ဦးစီးချုပ်ရုံး(ကြည်း) မှ တပ်မတော်အရာရှိကြီးများ ကာကွယ်ရေးဝန်ကြးဌာန မှ ဂုဏ်ပြုအမှတ်တံဆိပ်ချီးမြှင့်ခံရသည့် ကိုယ်စားလှယ်များတက်ရောက်ခဲ့ ကြောင်း သိရသည်။