1 ပတ် - ဘာသာပြန်ပါ။

မြေပဲဆန်နှင့် ဆီကြိတ်ဖတ်ဈေးနှုန်း အနည်းငယ်တက်လာ
-------------------------------------------------

အခုနိုဝင်ဘာတတိယပတ်အတွင်း မြေပဲဆန်နဲ့ ဆီကြိတ်ဖတ်ဈေးနှုန်းတွေ အနည်းငယ်မြင့်တက်ခဲ့တယ်လို မန္တလေးကုန်စည်ဒိုင်ရဲ့ စာရင်းတွေအရ သိရပါတယ်။
မန္တလေးကုန်စည်ဒိုင်မှာ မြေပဲဆန်တွေက အရည်အသွေးပေါ်မူတည်ပြီး အရောင်းအဝယ်ပုံမှန်ဖြစ်နေပြီး မွေးမြူရေးအစာဖြစ်တဲ့ပဲဖတ်က အဝယ် လိုက်ကာ အရောင်းအဝယ်သွက်နေတာကြောင့် ဈေးကွက်မှာ ဈေးနှုန်းတွေကလည်း အနည်းငယ်မြင့်တက်လာတာဖြစ်ပါတယ်။
S1 မြေပဲလုံးဆန်၊ S1 ဆီဆန်၊ အနီလုံးဆန်၊ မြေပဲဖတ်၊ နှမ်းဖတ်၊ နေကြာဖတ်၊ မုန်ညှင်းဖတ် ဈေးနှုန်းတွေ မြင့်တက်လာတာ ဖြစ်ပါတယ်။
နိုဝင်ဘာ တတိယပတ်မှာ S1 မြေပဲလုံးဆန် တစ်ပိဿာက ဒုတိယပတ်ထက် ကျပ် ၁၀၀ ခန့် ဈေးမြင့်တက်ခဲ့ပြီး S1 ဆီဆန်က ကျပ် ၁၀၀ ကနေ ၁၅၀ ခန့် ၊ အနီလုံးဆန်က ကျပ် ၁၀၀ ခန့် ၊ မြေပဲဖတ်ကကျပ် ၄၀၀ ကနေ ကျပ် ၄၅၀ ခန့် ၊ နှမ်းဖတ်က ကျပ် ၂၅၀ ကနေ ကျပ် ၃၀၀ ဝန်းကျင်ခန့်၊ နေကြာဖတ်ကကျပ် ၁၀၀ နဲ့ မုန်ညှင်းဖတ်က ကျပ် ၂၀၀ ကနေ ကျပ် ၃၀၀ ခန့် မြင့်တက်လာတယ်လို သိရပါတယ်။
မန္တလေးကုန်စည်ဒိုင်စာရင်းတွေအရ နိုဝင်ဘာ တတိယပတ်မှာ S1 မြေပဲလုံးဆန် တစ်ပိဿာကို ကျပ် ၇၅၀၀ ကနေ ကျပ် ၇၉၀၀၊ အနီလုံးဆန်တစ်ပိဿာကို ကျပ် ၈၀၀၀ ကနေ ကျပ် ၈၂၀၀ ၊ S1 ဆီဆန် တစ်ပိဿာကို ကျပ် ၇၅၀၀ ကနေ ၇၉၀၀၊ မြေပဲဖတ် တစ်ပိဿာကို ကျပ် ၆၉၅၀ ကနေ ၇၀၀၀ ၊ နှမ်းဖတ် တစ်ပိဿာကို ကျပ် ၄၄၀၀ ကနေ ၄၅၀၀၊ နေကြာဖတ်ကို တစ်ပိဿာ ကျပ် ၃၄၀၀ ကနေ ၃၅၀၀၊မုန်ညှင်းဖတ် တစ်ပိဿာကို ၃၆၀၀ ကျပ် ဈေးတန်းအထိ ရောက်ရှိနေပါတယ်။

image