ဗာဒီနှင့် ရီဘက်ကာဇနီးမောင်နှံတို့ရဲ့ အီတလီနေအိမ် စီးနင်းခံရပြီး ပေါင် ၈ သောင်းတန်ဖိုးရှိ ငွေများ၊ နာရီများနှင့် လက်ဝတ်ရတနာများ အခိုးခံရ
===================
ဖောက်ထွင်းဂိုဏ်းတစ်ဂိုဏ်းဟာ ဂျေမီဗာဒီရဲ့ အီတလီနေအိမ်ကို ဖောက်ထွင်းကာ ပေါင် ၈ သောင်းတန်ဖိုးရှိ လက်ဝတ်ရတနာများ၊ နာရီများကို ခိုးယူသွားခဲ့ကြပါတယ်။
အင်္ဂလန်တိုက်စစ်မှူးဟောင်းဗာဒီနှင့် ဇနီးသည်ရီဘက်ကာတို့ဟာ အီတလီမြောက်ပိုင်း Lake Garda ကို အပေါ်စီးမှ မြင်ရတဲ့ နေအိမ်မှာ နေထိုင်နေကြတာပါ။
ဗာဒီဟာ သမိုင်းဝင် ဆိုလိုမြို့ရှိ ပေါင် ၂ သန်းတန်ဖိုးရှိ ဇိမ်ခံအိမ်ကြီးတွင် နေထိုင်နေကြတာပါ။
၎င်းတိုဟာ နွေရာသီတုန်းက စီးရီးအေတန်းတက် ခရီမိုနက်စ်သို့ ပြောင်းလာပြီးနောက် နာမည်ကျော်ကန်ကြီးကို အလှအပကို မြင်နိုင်မယ့် နေအိမ်သို့ ပြောင်းရွှေ့နေထိုင်လာကြတာလည်း ဖြစ်ပါတယ်။
ဒါပေမယ့် ဖောက်ထွင်းသမားများဟာ နေအိမ်ကို ပြတင်းပေါက်မှ တဆင့် ထိုးဖောက်ဝင်ရောက်ပြီးနောက် လက်ဝတ်ရတနာများ၊ ငွေသားများအပြင် တန်ဖိုးကြီး Patek Philippe နာရီကိုလည်း ရယူသွားခဲ့ပါတယ်။
ဖောက်ထွင်းသမားများဟာ တနင်္ဂနွေနေ့တုန်းက ရောမသို့ သွားရောက်ကာ ခရီမိုနက်စ်တို့ ရိုးမားအား ၃-၁ ဖြင့် ရှုံးနိမ့်တဲ့ အဝေးကွင်းပွဲအား သွားရောက်ကစားနေစဉ် စနစ်တကျ အကွက်ချဖောက်ထွင်းခဲ့ကြတာပါ။
ဗာဒီဟာ နွေရာသီတုန်းက ခရီမိုနက်စ်သို့ ပြောင်းပြီးနောက် ဆိုလိုရှိ နေအိမ်ကို ဝယ်ယူခဲ့တာလည်း ဖြစ်ပါတယ်။
ဆိုလိုမြို့မှာ ဒုတိယကမ္ဘာ့စစ် အီတလီအာဏာရှင်ဘီနီတိုမူဆိုလီနီရဲ့ အိမ်ရှိရာ မြို့လည်း ဖြစ်ပါတယ်။ မူဆိုလီနီရဲ့ မြေးတော်စပ်သူ ရိုမာနိုမှာလည်း ခရီမိုနက်စ်တွင် ကစားနေပါတယ်။
ဗာဒီဟာ နွေရာသီတုန်းက ၁၃ ရာသီကြာ ကစားလာခဲ့တဲ့ လက်စတာကို စွန့်ခွာကာ စီးရီးအေကလပ်သို့ ၁၂ လစာချုပ်ဖြင့် ပြောင်းလာခဲ့တာပါ။
သူဟာ လက်စတာအတွက် ပွဲ ၄၄၀ ကစားခဲ့ရာမှာ ၁၈၃ ဂိုးသွင်းပေးခဲ့ပါတယ်။
သူဟာ အီတလီသို့ ပြောင်းပြီးနောက် ခရီမိုနက်စ်အတွက် ၈ ပွဲကစားထားရာမှာ ၂ ဂိုးသွင်းထားပါတယ်။ သူဟာ ပထမဆုံးစီးရီးအေဂိုးအား ပြီးခဲ့တဲ့လတုန်းက အတ္တလန္တာနှင့်ပွဲမှာ သွင်းယူနိုင်ခဲ့ပါတယ်။