ကိုရီးယားနိုင်ငံရှိ POSCO ဆောက်လုပ်ရေးလုပ်ငန်းခွင်၌ မြန်မာလုပ်သားတစ်ဦး ဓာတ်လိုက်ခံရမှုကြောင့် ဆေးကုသမှုခံယူနေရ
မြန်မာလုပ်သားသည် ဆိုးလ်မြို့ရှိ POSCO ဆောက်လုပ်ရေးလုပ်ငန်းခွင်တွင် မတော်တဆဓာတ်လိုက်မှုကြောင့် ဆေးရုံသို့ အရေးပေါ်တက်ရောက်ကုသခဲ့ရခြင်းဖြစ်ပြီး လက်ရှိတွင် ပြန်လည်ထူထောင်ရေးဆေးရုံသို့ ရွှေ့ပြောင်းကာ ဆက်လက်ကုသမှု ခံယူနေဆဲဖြစ်ကြောင်း သိရသည်။
မြန်မာလုပ်သားဆေးကုမှုခံယူနေရသည့် Seoul Smart Convalescent Hospital (ပြန်လည်ထူထောင်ရေးဆေးရုံ) သို့ ကိုရီးယားသမ္မတနိုင်ငံဆိုင်ရာ မြန်မာသံရုံးယာယီတာဝန်ခံ/သံအမတ်ကြီး ဦးမျိုးမြင့်မောင်၊ အလုပ်သမားသံအရာရှိနှင့် သံရုံးဝန်ထမ်းများ သွားရောက်ကြည့်ရှု့ခဲ့ကြောင်း သိရသည်။