ကမ္ဘာ့ကလပ်သက်တမ်းအရှည်ဆုံး နည်းပြ အသက် ၉၀ အရွယ်တွင် ကွယ်လွန်
==================
မာဆေးဆိုက်ကလပ် Marine AFC အား ၃၃ နှစ်ကြာ ကိုင်တွယ်ကာ ကလပ်တစ်ခုတည်းကို သက်တမ်းအရှည်ကြာဆုံး ကိုင်တွယ်သူအဖြစ် ကမ္ဘာ့စံချိန်ရေးထိုးထားတဲ့ နည်းပြရိုလီဟောင်းဝပ်ဟာ အသက် ၉၀ နှစ်အရွယ်မှာပဲ ကွယ်လွန်သွားခဲ့ပါတယ်။
သူဟာ ခရော့စ်ဘီအခြေစိုက်ကလပ်အား ၁၉၇၂ ခုနှစ် ဩဂုတ်လမှ ၂၀၀၅ ခုနှစ် ဧပြီလအထိ ၃၃ နှစ်ကြာ ကိုင်တွယ်စဉ်အတွင်း ပွဲပေါင်း ၁၉၇၅ ပွဲ ကြီးကြပ်ခဲ့သူလည်း ဖြစ်ပါတယ်။
သူဟာ ယင်းကလပ်တွင် နည်းပြအဖြစ်သာမက ကွင်းတာဝန်ခံအဖြစ်လည်း လုပ်ဆောင်ခဲ့သူ ဖြစ်ပါတယ်။
လက်ရှိအချိန်တွင် နေးရှင်းလိဂ်တွင် ကစားနေတဲ့ Marine AFC ဟာ အသက် ၉၀ နှစ်အရွယ် ဂန္ထဝင်နည်းပြကွယ်လွန်သွားပြီးနောက် စနေနေ့တုန်းက ပွဲစဉ်မတိုင်မီ တစ်မိနစ်ငြိမ်သက်ကာ ဝမ်းနည်းခြင်း အထိမ်းအမှတ် ပြုလုပ်ခဲ့ပါတယ်။
ဟောင်းဝပ်ကိုင်တွယ်စဉ်အတွင်း Marine AFC ဟာ အမှတ်ပေးဖလား ၅ ကြိမ်၊ ရှုံးထွက်ဖလား ၁၅ ကြိမ် ရရှိခဲ့ပါတယ်။
သူဟာ လီဗာပူးနှင့် အိုင်ယာလန်စတားဂျေဆင်မက်အတီးယားကို Marine AFC လူငယ်အသင်းတွင် ပြုစုပျိုးထောင်ပေးခဲ့သူလည်း ဖြစ်ပါတယ်။
ဟောင်းဝပ်ဟာ နည်းပြအလုပ်အပြင် ပြင်ပဘဝတွင် မှန်သန့်ရှင်းရေးသမားအဖြစ် အလုပ်လုပ်သူ ဖြစ်ပြီး လီဗာပူးနည်းပြဟောင်းကန်နီဒဲလ်ကလစ်ရှ်အတွက်လည်း အလုပ်လုပ်ပေးခဲ့ပါတယ်။
သူဟာ Marine AFC ကို ၃၃ နှစ်ကြာ ကိုင်တွယ်ခဲ့မှုနှင့်အတူ ဂရင်းနစ်ကမ္ဘာ့မှတ်တမ်း ရရှိထားပါတယ်။