ရန်ကုန်တွင် ဟိုတယ်အပါအဝင် ခရီးသွားဝန်ဆောင်မှုလုပ်ငန်းများ အတည်ပြု

ရန်ကုန်တိုင်းဒေသကြီး၊ ဒေသဆိုင်ရာခရီးသွားလုပ်ငန်းကော်မတီ၏ (၃/၂၀၂၅) ကြိမ်မြောက် အစည်းအဝေးတွင် ထိုကဲ့သို့ အတည်ပြုပေးခဲ့ခြင်း ဖြစ်သည်။

အစည်းအဝေး၌ ဟိုတယ်အဆောက်အဦး တည်ဆောက်ခွင့် (၂) ခု၊ ဟိုတယ်လုပ်ငန်းလိုင်စင် (၃) ခု၊ ဟိုတယ်လုပ်ငန်း လိုင်စင်သက်တမ်းတိုးနှင့် ဝန်ဆောင်မှု (၅၁) ခု၊ တည်းခိုရိပ်သာလုပ်ငန်း လိုင်စင်သက်တမ်းတိုးနှင့် ဝန်ဆောင်မှု (၁၅) ခုကို အတည်ပြုပေးခဲ့ကြောင်း သိရသည်။

ထို့ပြင် တည်းခိုဆောင်လုပ်ငန်း လိုင်စင်အသစ် (၁) ခု၊ သက်တမ်းတိုး (၃) ခု၊ ခရီးလှည့်လည်ရေးလုပ်ငန်းလိုင်စင်အသစ် (ပြည်တွင်း/ပြည်ဝင်) (၄၀)ခု ၊ (ပြည်ပ) (၂၁) ခု၊ ခရီးလှည့်လည်ရေး (ပြည်တွင်း/ပြည်ဝင်) သက်တမ်းတိုး (၁၈၂) ခု၊ (ပြည်ပ) (၄၆) ခု၊ ဧည့်လမ်းညွန်လုပ်ငန်းလိုင်စင် သက်တမ်းတိုး (၁၅၄) ခု၊ ပြည်တွင်းဘုရားဖူးနှင့် ခရီးသွားဝန်ဆောင်မှုလုပ်ငန်းအသစ် (၁၁) ခု၊ သက်တမ်းတိုး (၄) ခုတို့အား အတည်ပြုပေးနိုင်ခဲ့သည်။

အဆိုပါ လုပ်ငန်းများမှ ဟိုတယ်လုပ်ငန်းကဏ္ဍ ရင်းနှီးမြှုပ်နှံမှု ပမာဏငွေကျပ် (၉၈၇၈.၉၅၀) သန်းနှင့် လုပ်သားအင်အား (၂၂၃) ဦးအတွက် အလုပ်အကိုင်အခွင့်အလမ်းများ ဖန်တီးပေးနိုင်ထားကြောင်းလည်း သိရသည်။

image