ရန်ကုန်နှင့် ဧရာဝတီတိုင်းတို့၌ ယနေ့ နံနက်အစောပိုင်းက မီးလေ-ာင်မှုများဖြစ်ပွားခဲ့

ရန်ကုန်တိုင်းနှင့် ဧရာဝတီတိုင်းတို့တွင် ယနေ့ နိုဝင်ဘာ ၂၄ ရက်နံနက်အစောပိုင်းက နာရီပိုင်းသာခြား၍ မီးလေ-ာင်မှုများဖြစ်ပွားခဲ့ကြောင်း မီးသ-တ်တပ်ဖွဲ့ထံမှ သိရသည်။

ရန်ကုန်တိုင်း၊ ဒဂုံမြို့သစ် (မြောက်ပိုင်း) မြို့နယ်၊ (၄၃) ရပ်ကွက်၊ အေးရိပ်သာ (၂) လမ်းတွင် နံနက် ၂ နာရီ ၄၀ မိနစ်ခန့်က မီးလေ-ာင်မှုဖြစ်ပွား၍ ဒဂုံမြို့သစ်(မြောက်ပိုင်း) မြို့နယ် မီးသ-တ်စခန်းမှတပ်ဖွဲ့ဝင်များ၊ ရန်ကုန်နာရေးကူညီမှုအသင်းမှအဖွဲ့ဝင်များမှပူးပေါင်းငြှိမ်းသ-တ်ခဲ့ကြသဖြင့် နံနက် ၂ နာရီ ၅၀ မိနစ်တွင် မီးငြိမ်းသွားခဲ့ကြောင်း သိရသည်။

ထို့ပြင် နံနက် ၁ နာရီခွဲကလည်း ဧရာဝတီတိုင်း၊ ပန်းတနော်မြို့နယ်၊ အရှေ့ပိုင်းရပ်ကွက်၊ ဦးအောင်ဇေယျလမ်းတွင် မီးလောင်မှုဖြစ်ပွား၍ ပန်းတနော်မြို့နယ် မီးသ-တ်စခန်းမှတပ်ဖွဲ့ဝင်များ၊ အရန်မီးသ-တ်တပ်ဖွဲ့ဝင်များမှပူးပေါင်းငြှိမ်းသ-တ်ခဲ့ကြသဖြင့် နံနက် ၁ နာရီ ၅၀ မိနစ်တွင် မီးငြိမ်းသွားခဲ့ကြောင်း သိရသည်။

image