ရာဖင်ညာနှင့် ဂါစီယာတို့မှာ ဘာစီလိုနာအတွက် ပွဲထွက်ကစားရန် အသင့် ဖြစ်နေပြီလို့ ဟန်ဆီဖလစ် အတည်ပြုလာ
====================
ဘာစီလိုနာနည်းပြဟန်ဆီဖလစ်က ရာဖင်ညာနှင့် ဂိုးသမားဂျိုအန်ဂါစီယာတို့မှာ အသင်းအတွက် ပွဲထွက်ကစားရန် အသင့် ဖြစ်နေပြီ ဖြစ်ကြောင်း အတည်ပြုလာပါတယ်။
ဘာစီလိုနာဟာ မားကပ်စ်ရက်ဖို့ဒ်မှာ နေမကောင်းဖြစ်နေတဲ့အပြင် ဖရန်ကီဒီယွန်ပွဲပယ်ခံထားရမှုကြောင့် အခက်တွေ့နေချိန်တွင် ရာဖင်ညာနှင့် ဂါစီယာတို့ ပြန်လည် ကစားရန် အသင့် ဖြစ်နေတာလည်း ဖြစ်ပါတယ်။ တဖက်တွင် ကွင်းလယ်ကစားသမားပီဒရီမှာလည်း ကြံ့ခိုင်မှုအခြေအနေကို အနီးကပ် စောင့်ကြည့်ခြင်းခံနေရပါတယ်။
စနေနေ့ညတွင် ဘာစီလိုနာဟာ နူးကမ့်ကွင်းသစ်ကြီးတွင် ပထမဆုံးကစားတဲ့ပွဲအဖြစ် ဘီလ်ဘာအိုနှင့်ပွဲအား လက်ခံကစားလာမှာလည်း ဖြစ်ပါတယ်။
ဟန်ဆီဖလစ်က "မားကပ်စ်က ဖျားနေတယ်။ မနေ့ကရော ဒီနေ့ရော လေ့ကျင့်ခန်းမဆင်းနိုင်ဘူး။ ဒီပွဲ ပါဝင်ဖို့ မဖြစ်နိုင်လောက်ဘူးထင်တယ်။ ဒါပေမယ့် သတင်းကောင်းက ရာဖင်ညာ ပြန်လာတာပါ။ သူ့ အသင်းအတွက် ယူဆောင်လာမယ့်အရာအတွက် တကယ်ဝမ်းသာတယ်။ အရန်ခုံမှာ ထိုင်လာပါမယ်။ အရေးအကြီးဆုံးက သူ ပြန်လာတာပါ"လို့ ပြောကြားသွားပါတယ်။
အဓိကဂိုးသမားဂါစီယာမှာလည်း ဒူးအရွတ်ဒဏ်ရာကြောင့် စက်တင်ဘာလကတည်းက အနားယူလာရသူ ဖြစ်ပြီး ယခုအခါ ပွဲထွက်ကစားရန် အသင့် ဖြစ်နေပြီ ဖြစ်ပါတယ်။
ဟန်ဆီဖလစ်ဟာ ကြံ့ခိုင်မှုအခြေအနေကို စောင့်ကြည့်နေရတဲ့ ပီဒရိုကိုမူ အနားပေးကာ လာမယ့်အပတ်ကြားရက် ချဲလ်ဆီးနှင့်ပွဲတွင်မှ အသုံးပြုလာဖို့ ရှိနေပါတယ်။