ဘာစီလိုနာသမိုင်းတွင် အချစ်ခံဆုံးကစားသမားအဖြစ် ရွေးချယ်ခြင်းခံလာရတဲ့ လီယွန်နယ်မက်ဆီ
====================
လီယွန်နယ်မက်ဆီဟာ ဘာစီလိုနာသမိုင်းတွင် အချစ်ခံဆုံးကစားသမားအဖြစ် မဲပေးရွေးချယ်ခြင်းခံရပါတယ်။
အာဂျင်တီးနားစူပါစတားဟာ ပရိသတ်မဲအဆုံးအဖြတ်ဖြင့် ဘာစီလိုနာသမိုင်းတွင် အချစ်ခံရဆုံးကစားသမားအဖြစ် ရွေးချယ်ခြင်းခံလာရတာ ဖြစ်ပါတယ်။
မက်ဆီဟာ ဘာစီလိုနာသမိုင်းတွင် အချစ်ခံရဆုံးကစားသမားအဖြစ် ရွေးချယ်ခြင်းခံရမှုအပေါ် အလွန် ဂုဏ်ယူနေပြီး တစ်နေ့တွင် ကလပ်သို့ ပြန်လာမယ်လို့လည်း ကတိပေးလာပါတယ်။
မကြာသေးမီတုန်းက နူးကမ့်ကွင်းသစ်သို့ လာရောက်လည်ပတ်ခဲ့တဲ့ မက်ဆီဟာ ဘာစီလိုနာအတွက် ၇၇၈ ပွဲကစားခဲ့ရာမှာ ၆၇၂ ဂိုးသွင်းယူပြီး ကလပ်သမိုင်းတွင် ဂိုးအများဆုံးသွင်းယူသူအဖြစ် ရပ်တည်နေသူလည်း ဖြစ်ပါတယ်။
Ballon d'Or ၈ ကြိမ်ရ မက်ဆီဟာ ဘာစီလိုနာနှင့်အတူ လာလီဂါဖလား ၁၀ ကြိမ်၊ ချန်ပီယံလိဂ်ဖလား ၄ ကြိမ်အပါအဝင် ဆုဖလားများစွာ ရရှိခဲ့ကာ ကလပ်သမိုင်းတွင် အအောင်မြင်ဆုံးကစားသမားအဖြစ်လည်း ရပ်တည်နေသူ ဖြစ်ပါတယ်။
ယခု မက်ဆီဟာ ဂန္ထဝင်ကစားသမားများဖြစ်ကြတဲ့ ဂျိုဟန်ခရိုက်ဖ်၊ ရော်နယ်ဒင်ဟို၊ ဇာဗီး၊ အင်နီယေစတာတို့ကို ကျော်ဖြတ်ကာ အချစ်ခံရဆုံးကစားသမားဆုကို ဆွတ်ခူးလာပါတယ်။
မက်ဆီက "ဒီဆုရဲ့ ကိုယ်စားပြုပုံနဲ့ ရွေးချယ်တဲ့ပုံစံကြောင့် တကယ့်ကို စပါယ်ရှယ်ဆုတစ်ဆု ဖြစ်ပါတယ်။ ကျွန်တော်တို့ အတူတကွ အကြာကြီး ဖြတ်သန်းခဲ့ကြတယ်။ ကောင်းတွေ ရှိသလို မကောင်းတာတွေလည်း ရှိခဲ့တယ်။ ဒါပေမယ့် ဘယ်ဘဝကမှ အပြီးပြည့်စုံဖြစ်လာမှာ မဟုတ်လို့ ဒါက သာမန်ပါ။ ဒါက ကျွန်တော့်အိမ်၊ ကျွန်တော့်နေရာ၊ ကျွန်တော့်လူတွေပါ"လို့ SPORT သို့ ပြောကြားသွားပါတယ်။