တင်းနစ်ဂုဏ်ထူးဆောင်စာရင်း၌ ဖက်ဒရာကို ထည့်သွင်း
---------------------

ဆွစ်ဇာလန် ဂန္ထဝင်တင်းနစ်သမား ရော်ဂျာ ဖက်ဒရာကို နိုင်ငံတကာ တင်းနစ်အဖွဲ့ချုပ်ရဲ့ ဂုဏ်ထူးဆောင်စာရင်းထဲ ထည့်သွင်းသွားမှာဖြစ်တယ်လို့ နိုင်ငံတကာတင်းနစ်အဖွဲ့ချုပ်က ကြေညာလိုက်ပါတယ်။ အသက် ၄၄ နှစ်အရွယ် ဖက်ဒရာဟာ ၂၀၂၂ ခုနှစ်မှာ တင်းနစ်အားကစားကနေ အနားယူသွားခဲ့တာဖြစ်ပြီး အောင်မြင်တဲ့ တင်းနစ် ကစားသမားဘဝကို ဖြတ်သန်းခဲ့တာဖြစ်ပါတယ်။
ဖက်ဒရာဟာ ကစားသမားဘဝ အေတီပီ တစ်ဦးချင်းချန်ပီယံဆု ၁၀၃ ခုအထိ ရယူနိုင်ခဲ့ပြီး အိုးပင်းခေတ် တင်းနစ်သမိုင်းမှာ ၁၀၉ ပွဲအနိုင်ရထားတဲ့ ဂျင်မီကော်နာပြီးနောက် နိုင်ပွဲ အများဆုံးကစားသမားဖြစ်ပါတယ်။ ဒါ့အပြင် ဖက်ဒရာဟာ အမျိုးသာတင်းနစ်အားကစားသမားတွေထဲမှာ ဂရင်းစလမ်ပြိုင်ပွဲ ချန်ပီယံဆု အကြိမ် ၂၀ ပြည့်တဲ့ ပထမဆုံး ကစားသမားလည်းဖြစ်ခဲ့ပါတယ်။ နိုင်ငံတကာ တင်းနစ်အဖွဲ့ချုပ် ဂုဏ်ထူးဆောင်စာရင်းမှာ ချန်ပီယံကစားသမားတွေနဲ့အတူ ပါဝင်ခွင့်ရတာက ဂုဏ်ယူစရာ ကောင်းမှာဖြစ်တယ်လို့ ဖက်ဒရာက ပြောပါတယ်။
လာမယ့် ၂၀၂၆ ဩဂုတ်လ ၂၇ ရက်ကနေ ၂၉ ရက်ကြား ပြုလုပ်မယ့်ဂုဏ်ပြုပွဲမှာ ဖက်ဒရာကို ဂုဏ်ထူးဆောင် စာရင်းထဲ ထည့်သွင်းသွားမှာဖြစ်တယ်လို့ သိရပြီး အထိမ်းအမှတ်ဆုလည်း ပေးအပ်သွားဖို့ရှိနေပါတယ်။ ဖက်ဒရာ ဟာ ကစားသမားဘဝ ဝင်ဘယ်ဒန်ချန်ပီယံဆုကို ၈ ကြိမ်ရယူထားပြီး အကြိမ်အများဆုံး ရယူထားနိုင်တဲ့ အမျိုး သားတင်းနစ်သမားအဖြစ် စံချိန်တင်ထားပါတယ်။

image