မဲစာရင်းပါသည့် တက္ကသိုလ် ကျောင်းသား၊ ကျောင်းသူများ ကြိုတင်မဲပေးနိုင်မည့်အချိန် တစ်ရက်သာကျန်တော့

မဲစာရင်းပါရှိသည့် တက္ကသိုလ်ကျောင်းသား၊ ကျောင်းသူများ ကြိုတင်မဲပေးနိုင်မည့်အချိန်သည် နိုဝင်ဘာ (၂၁)ရက် တစ်ရက်သာ ကျန်တော့သည်။
တက္ကသိုလ် ကျောင်းသား၊ ကျောင်းသူများ အတွက် ကြိုတင်မဲပေးနိုင်သည့် အချိန်သည် နိုဝင်ဘာ(၁၇)ရက်မှ နိုဝင်ဘာ (၂၁)ရက်အထိ သတ်မှတ်ထားခြင်း ဖြစ်သည်။
တက္ကသိုလ်ကျောင်းသား၊ ကျောင်းသူများသည် မိမိ သက်ဆိုင်ရာမြို့နယ်ပြင်ပရှိ တက္ကသိုလ်၊ ဒီဂရီကောလိပ်နှင့် ကောလိပ်များတွင် တက်ရောက်ရမည်ဆိုပါက ဆန္ဒမဲပေးခြင်းကို မဲစာရင်းပါရှိရာ ရပ်ကွက်၊ ကျေးရွာများတွင် ကြိုတင်မဲပေးရမည် ဖြစ်သည်။
ထိုသို့ပေးရာတွင် နိုင်ငံသားစိစစ်ရေးကတ် (သို့မဟုတ်) ကျောင်းသားကတ် သို့မဟုတ် ကျောင်းဝင်ခွင့် အထောက် အထားတို့ကို ပြသ၍ ကြိုတင်ဆန္ဒမဲပေးနိုင်မည်ဟုလည်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ထုတ်ပြန်ထားပြီး ဖြစ်သည်။
ရွေးကောက်ပွဲကျင်းပမည့် ဒီဇင်ဘာ (၂၈) ရက်သည် သက်ဆိုင်ရာ ကျောင်းများ၌ ‌ပညာသင်ကြားနေမည့်အချိန်ဖြစ်သောကြောင့် အသက် (၁၈) နှစ်ပြည့်ပြီး ဥပဒေအရ မဲပေးခွင့်ရှိသည့် ကျောင်းသား၊ ကျောင်းသူများ မဲပေးခွင့်မဆုံးရှုံးစေရန် ထိုသို့စီစဉ်ပေးထားခြင်း ဖြစ်ကြောင်းလည်း သိရသည်။

image