ရေဦးမြို့တွင် တက္ကသိုလ်ကျောင်းသား၊ ကျောင်းသူ (၁၆)ဦး ယနေ့တွင် ကြိုတင်ဆန္ဒမဲပေး

စစ်ကိုင်းတိုင်း၊ ရေဦးမြို့မှ တက္ကသိုလ်တက်ရောက်မည့် တက္ကသိုလ်ကျောင်းသား၊ ကျောင်းသူ(၁၆)ဦးသည် ယ နေ့ နိုဝင်ဘာ ၁၈ ရက်က ၎င်းတို့၏ သက်ဆိုင်ရာ မဲစာ ရင်းပါရှိသော ရပ်ကွက်/ကျေးရွာအုပ်စုကော်မရှင်အဖွဲ့ခွဲရုံးတို့တွင် ကြိုတင်ဆန္ဒမဲများပေးခဲ့ကြကြောင်း သိရသည်။
ရေဦးမြို့၊ အောင်ဆန်းရပ်ကွက်မှ(၅)ဦး၊ ဗိုလ်အောင်ဇေ ယျရပ်ကွက်မှ(၄)ဦး၊ ရွှေပြည်သာရပ်ကွက်မှ(၃)ဦး၊ အောင်ချမ်းသာရပ်ကွက်မှ(၂)ဦး၊ အောင်မင်္ဂလာရပ် ကွက်မှ(၂)ဦးတို့ ကြိုတင်ဆန္ဒမဲများပေးခဲ့ကြကြောင်း သိရသည်။
ထို့ပြင် ရေဦးမြို့နယ်သည် ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီ ၁၁ ရက်တွင် အပိုင်း(၂)အဖြစ် ရွေးကောက်ပွဲကျင်းပမည့်မြို့နယ်ဖြစ်၍ တက္ကသိုလ်၊ ကောလိပ်များသို့သွား ရောက်ကျောင်းတက်မည့် တက္ကသိုလ်ကျောင်းသား၊ ကျောင်းသူမဲဆန္ဒရှင်များ ကြိုတင်ဆန္ဒမဲပေးနိုင်‌ရေး၊ ကျန်ရှိမှုမရှိစေရေးတို့အတွက် တာဝန်ရှိသူများမှ ယမန် နေ့ နိုဝင်ဘာ ၁၇ ရက်မွန်းလွဲပိုင်းကကွင်းဆင်း၍စာရင်းကောက်ယူခဲ့ကြကြောင်း သိရသည်။
ရေဦးမြို့နယ်၌ ရွေးကောက်ပွဲအား မြို့ပေါ်(၅)ရပ်ကွက်နှင့် ကျေးရွာအုပ်စု(၂)အုပ်စုတို့တွင်ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။

image