ပူတင်နှင့်နေတန်ယာဟုတို့ ကုလသမဂ္ဂ၌ မဲခွဲ၍
မဆုံးဖြတ်မှီ ဆွေးနွေး

ရုရှားသမ္မတ ဗလာဒီမာပူတင်နှင့် အစ္စရေးဝန်ကြီးချုပ် ဘင်ဂျမင်နေတန်ယာဟုတို့သည် ဂါဇာကမ်းမြောင်ဒေသတွင် ငြိမ်းချမ်းရေးတပ်ဖွဲ့များဖြန့်ကျက်ချထားခြင်း နှင့်ပတ်သက်၍ ကုလသမဂ္ဂလုံခြုံရေးကောင်စီ၌ မဲခွဲ၍
မဆုံးဖြတ်မှီ ဖုန်းဖြင့် စကားပြောခဲ့ကြသည်။
အပစ်အခတ်ရပ်စဲရေးသဘောတူစာချုပ်ကို အကောင်အထည်ဖော်ခြင်းနှင့် အကျဉ်းသားများ ဖလှယ်ခြင်းစသည့်အခြေအနေတွင် ဂါဇာကမ်းမြှောင်ဒေသတွင် ဖြစ်ပေါ်တိုးတက် ပြောင်းလဲမှုများအပါအဝင် အရှေ့အလယ်ပိုင်းဒေသအခြေအနေကို စေ့စေ့စပ်စပ် အမြင်ချင်းဖလှယ်ခဲ့ကြကြောင်း ခရမ္မလင်နန်းတော်က စနေနေ့တွင် ပြောကြားခဲ့သည်။ ခေါင်းဆောင်များသည် အီရန်၏ နျူကလီးယား အစီအစဉ်နှင့် ဆီးရီးယားရှိ အခြေအနေများကို ဆွေးနွေးခဲ့ကြသည်။
အစ္စရေးဝန်ကြီးချုပ်နှင့် ရုရှားသမ္မတတို့သည် ဒေသတွင်းပြဿနာများကို ဆွေးနွေးခဲ့ကြသည်ဟု နေတန်ယာဟုရုံးက သတင်းထုတ်ပြန်ခဲ့သည်။
ယခုလအစောပိုင်းတွင် အမေရိက သည် ဂါဇာတွင် နိုင်ငံတကာ တည်ငြိမ်ရေးတပ်ဖွဲ့ (ISF) ကို အနည်းဆုံး နှစ်နှစ်ကြာ ဖြန့်ကြန့် ချထားခွင့်ပြုရန် အဆိုပြုထားသည့် ဆုံးဖြတ်ချက်ကို ထုတ်ပြန်ခဲ့ပြီး အသွင်ကူးပြောင်းရေး အုပ်ချုပ်ရေးအဖွဲ့အဖြစ် ငြိမ်းချမ်းရေးဘုတ်အဖွဲ့ကို တည်ထောင်ရန် တောင်းဆိုခဲ့သည်။ သောကြာနေ့တွင် အီဂျစ်၊ ဆော်ဒီအာရေဗျ၊ ကာတာ၊ ယူအေအီး၊ ဂျော်ဒန်၊ တုကီယေး၊ ပါကစ္စတန်နှင့် အင်ဒိုနီးရှားတို့သည် အမေရိက ၏ အဆိုပြုချက်ကို ထောက်ခံသည့် ပူးတွဲကြေညာချက်တစ်ရပ်ကို သောကြာနေ့တွင် ထုတ်ပြန်ခဲ့သည်။
မော်စကိုသည် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ်၏ ငြိမ်းချမ်းရေးအစီအစဉ်ကို အကောင်အထည်ဖော်ရန်အတွက် ရွေးချယ်စရာများ ရေးဆွဲခြင်းဖြင့် ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ကိုတာဝန်ပေးမည့် အစားထိုး အဆိုပြုချက်တစ်ရပ်ကို တင်သွင်းခဲ့သည်။ ရုရှားမစ်ရှင်သည် တည်ငြိမ်ရေးတပ်ဖွဲ့များကို "ကြီးကြပ်ကွပ်ကဲမှုဆိုင်ရာ ကိရိယာများ" ကင်းမဲ့နေပြီး နှစ်နိုင်ငံဖြေရှင်းချက်ကို ဖော်ပြခြင်းမပြုသည့်အတွက် ရုရှားမစ်ရှင်က ဝေဖန်ခဲ့သည်။ “အမှန်တကယ်တန်းတူညီမျှပြီး အားလုံးပါဝင်သည့်ချဉ်းကပ်မှုနည်းလမ်း” မှသာလျှင် ငြိမ်းချမ်းရေးကို အာမခံနိုင်သည်ဟု ၎င်းကဆိုသည်။
အဆိုပြုချက်နှစ်ခုလုံးကို တနင်္လာနေ့တွင် မဲခွဲဆုံးဖြတ်မည်ဟု မျှော်လင့်ရသည်။

image