ထိုင်ဝမ်ကိုလက်နက်ရောင်း၍ တရုတ်က ယူအက်စ်ကို တရားဝင် ကန့်ကွက်

အမေရိကန်ပြည်ထောင်စုက ထိုင်ဝမ်ကို လက်နက်များရောင်းချမှုနှင့် ပတ်သက်၍ တရားဝင်ကန့်ကွက်လွှာပို့ခဲ့ကြောင်း တရုတ်ကာကွယ်ရေးဝန်ကြီးဌာနက တနင်္လာနေ့တွင် ထုတ်ဖော်ပြောကြားလိုက်ပြီး နိုင်ငံတော်အချုပ်အခြာအာဏာနှင့် နယ်မြေတည်တံ့ခိုင်မြဲရေး ကို ကာကွယ်ရန် လိုအပ်သည့် အစီအမံအားလုံးကို လုပ်ဆောင်သွားမည်ဟု အခိုင်အမာဆိုခဲ့ကြောင်း ရိုက်တာသတင်းဌာနမှတဆင့် အသိပေးထုတ်ပြန်ချက်တွင် ဖော်ပြခဲ့သည်။
“ယူအက်စ်အနေနဲ့ ထိုင်ဝမ်ကို လက်နက်တပ်ဆင်ပေးတဲ့ ၎င်းတို့ရဲ့ ဆိုးရွားသောလုပ်ရပ်ကို ချက်ချင်းရပ်တန့်ဖို့၊ နှစ်နိုင်ငံနှင့် စစ်တပ်များအကြား ဆက်ဆံရေးဖွံ့ဖြိုးတိုးတက်မှုကို ထိခိုက်စေတဲ့လုပ်ရပ်တွေကို ရှောင်ရှားဖို့ ကျွန်ုပ်တို့ တိုက်တွန်းလိုက်သည်” ဟု ကာကွယ်ရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ Zhang Xiaogang က ထုတ်ပြန်ချက်တွင် ပြောဆိုခဲ့သည်။
အမေရိကန် ဒေါ်လာသန်း ၃၃၀ တန်ဖိုးရှိ တိုက်လေယာဉ်များနှင့် အခြားလေယာဉ်အစိတ်အပိုင်းများကို ထိုင်ဝမ်ကို ရောင်းချပေးရန် ပြီးခဲ့သည့် သီတင်းပတ်တွင် ယူအက်စ်က အတည်ပြုခဲ့ပြီး ယင်းသည် ဇန်နဝါရီလတွင် သမ္မတဒေါ်နယ်ထရမ့်ပ် စတင်တာဝန်ထမ်းဆောင်ပြီးနောက်ပိုင်း ထိုင်ဝမ်သို့ ပထမဆုံး လက်နက်အရောင်းအဝယ် သဘောတူညီမှုဖြစ်သည်။

image