ကမ္ဘာ့ဖလားအတွက် ပြင်ဆင်တဲ့အနေဖြင့် ကစားသမား ၆၀ ဦးနှင့် ဆွေးနွေးမှု ပြုလုပ်သွားမယ့် အင်္ဂလန်နည်းပြတူချယ်
====================
အင်္ဂလန်နည်းပြသောမတ်စ်တူချယ်ဟာ ကမ္ဘာ့ဖလားပြိုင်ပွဲအတွက် ပြင်ဆင်တဲ့အနေဖြင့် အင်္ဂလန်ကစားသမား ၆၀ ဦးဖြင့် ဆွေးနွေးမှုများ ပြုလုပ်ရန် စီစဉ်ထားပါတယ်။
အင်္ဂလန်နည်းပြဟာ လာမယ့် မတ်လအထိ ပွဲကစားရန် မရှိမှုနှင့်အတူ ယင်းကာလအတွင်းတွင် ကစားသမားများကို တိုက်ရိုက်သော်လည်းကောင်း၊ ဗီဒီယိုဖုန်းခေါ်ဆိုပြီးတော့သော်လည်းကောင်း တွေ့ဆုံဆွေးနွေးမှုများ ပြုလုပ်သွားပါမယ်။
တူချယ်ဟာ အင်္ဂလန်အသင်းတွင် ရွေးချယ်ခြင်းမခံရတဲ့ ကစားသမား ၆၀ ဦးအထိ စာရင်း ပြုစုထားပြီးလည်း ဖြစ်ပါတယ်။ သူဟာ မက်ဒရစ်သို့ သွားရောက်ပြီး ဂျူ့ဘယ်လင်ဂမ်၊ ထရန်းအလက်ဇန္ဒအာနိုးတို့နှင့် စကားပြောသွားမယ်လို့ အတည်ပြုခဲ့ပြီး ဖြစ်ပါတယ်။
သူဟာ အယ်ဘေးနီးယားအား ၂-၀ ဂိုးဖြင့် အနိုင်ရတဲ့ပွဲတွင် လူစားလဲလှယ်ခြင်းခံခဲ့ရမှုအပေါ် စိတ်ပျက်တဲ့ အမူအယာပြသခဲ့တဲ့ ဘယ်လင်ဂမ်အား ထောက်ပြမှု ပြုလုပ်ခဲ့ပြီး ဖြစ်သလို ရွေးချယ်ခြင်းမခံရတဲ့ ထရန်းအလက်ဇန္ဒားအာနိုးနှင့် ဆွေးနွေးလာမှာ ဖြစ်ပါတယ်။
တူချယ်ဟာ တီရာနာတွင် ကစားတဲ့ပွဲတွင် လေဗာကူဆင်ဗဟိုနောက်ခံလူဂျာရဲလ်ကွန်ရှာအား ညာနောက်ခံလူအဖြစ် ပွဲထွက်ကစားစေခဲ့သူလည်း ဖြစ်ပါတယ်။
တူချယ်က "အဦးဆုံးလုပ်မယ့်အရာကတော့ ထရန်းတို့လို ကစားသမားတိုင်းနဲ့ အဆက်အသွယ်လုပ်ဖို့ပါ။ ကစားသမား ၅၅ ဦး ၆၀ ဦးအထိ ရှည်လျားတဲ့ စာရင်းရှိတယ်။ သူတို့နဲ့ ဆက်သွယ်မယ်၊ စကားပြောမယ်။ ဘာလို့ အင်္ဂလန်အသင်းမှာ အရွေးမခံရသလဲဆိုတာ ရှင်းပြမယ်။ သူတို့ ဘာလုပ်ဖို့ လိုတယ်။ ဘယ်နေရာမှာ ပိုကောင်းအောင် လုပ်ဖို့ လိုတယ်ဆိုတာ ထောက်ပြမယ်။ သူတို့ လုပ်နိုင်သည်ဖြစ်စေ မလုပ်နိုင်သည်ဖြစ်စေပေါ့။ ဒါက လာမယ့် ရက်သတ္တပတ်တွေနဲ့ လတွေမှာ ကျွန်တော် လုပ်မယ့်အရာပါ။ Facetime က တွေ့တာလည်း ကောင်းတယ်။ လိုအပ်လာရင် သူတို့ဆီကို သွားတွေ့တာပဲ ဖြစ်ဖြစ် လေ့ကျင့်ရေးကွင်းသို့ သွားပြီးတော့ပဲ ဖြစ်ဖြစ် လုပ်ပါမယ်။ အုပ်စုလိုက် သွားတွေ့တာလည်း လုပ်နိုင်တယ်။ ဂျူ့နဲ့ ထရန်းတို့ကိုကြ အတူတူ တွေ့လို့ရတယ်။ ကလပ်တွေကို လည်ပတ်မယ်။ တချို့ကို ဖုန်းပြောမယ်။ ဘာဖြစ်လာမလဲ ကြည့်ရသေးတာပေါ့"လို့ ပြောကြားသွားပါတယ်။
အင်္ဂလန်ဟာ ကမ္ဘာ့ဖလားခြေစစ်ပွဲ ၈ ပွဲလုံးအား ပေးဂိုးတစ်ဂိုးမျှ မရှိဘဲ အနိုင်ယူကာ ခြေစစ်ပွဲ အောင်မြင်ထားပါတယ်။
အင်္ဂလန်အနေဖြင့် ကမ္ဘာ့ဖလားအုပ်စုတွင်းတွင် ဘယ်အသင်းနှင့် တွေ့ဆုံလာမလဲဆိုတာ အုပ်စုမဲခွဲမယ့် ဒီဇင်ဘာလ ၅ ရက်နေ့ထိ စောင့်ဆိုင်းရပါဦးမယ်။
အင်္ဂလန်ဟာ မတ်လတွင် ကမ္ဘာ့ဖလားခြေစစ်ပွဲ အောင်မြင်ထားတဲ့ ဂျပန်၊ ပါရာဂွေးတို့နှ့င့် ခြေစမ်းပွဲ ကစားရန် စီစဉ်ထားပြီးလည်း ဖြစ်ပါတယ်။