နည်းပြဆေးလ်ဗားကို စာချုပ်သစ်ကမ်းလှမ်းလာတဲ့ ဖူလ်ဟမ်
=====================
ဖူလ်ဟမ်ဟာ ရာသီအကုန်တွင် စာချုပ်သက်တမ်းကုန်ဆုံးလာမယ့် နည်းပြမာကိုဆေးလ်ဗားအား စာချုပ်သစ်ကမ်းလှမ်းထားပါတယ်။
ဖူလ်ဟမ်ဟာ နွေရာသီ အပြောင်းအရွှေ့ဈေးကွက်တုန်းက ကစားသမားခေါ်ယူအားဖြည့်မှုများစွာ ပြုလုပ်ကာ ထောက်ပံ့မှု မပြုလုပ်ခဲ့ပေမယ့်လည်း ပေါ်တူဂီလူမျိုးနည်းပြနှင့် ဆက်လက် လက်တွဲလိုနေတာလည်း ဖြစ်ပါတယ်။
အသက် ၄၈ နှစ်ရှိ မာကိုဆေးလ်ဗားဟာ နွေရာသီတုန်းက ကစားသမား ၅ ဦးအတွက် ပေါင်သန်း ၄၀ သာ အသုံးပြုပေးခဲ့တဲ့ ဖူလ်ဟမ်ဘုတ်အဖွဲ့ကို အကြီးအကျယ်စိတ်ပျက်နေခဲ့သူလည်း ဖြစ်ပါတယ်။
ဖူလ်ဟမ်ဟာ နွေရာသီတွင် ကောင်းမွန်တဲ့ ကစားသမားအားဖြည့်မှု မပြုလုပ်ခဲ့ပြီးနောက် ယခုရာသီတွင် ရုန်းကန်နေရပြီး တန်းဆင်းဇုန်နှင့် တစ်မှတ်အကွာ အဆင့် ၁၅ နေရာမှာ ရပ်တည်နေပါတယ်။
အဲဗာတန်နှင့် ဝက်ဖို့ဒ်နည်းပြဟောင်းဟာ ၂၀၂၃ ခုနှစ်တုန်းက ဖူလ်ဟမ်တန်းတက်လာချိန်တွင် သုံးနှစ်စာချုပ်ဖြင့် ခန့်အပ်ခြင်းခံခဲ့ရပြီးနောက် ပရီးမီးယားလိဂ်တွင် ဆက်လက်ရှင်သန်နိုင်အောင် ဦးဆောင်ခဲ့သူလည်း ဖြစ်ပါတယ်။
သူဟာ ယခင်တုန်းက ယူနိုက်တက်၊ စပါးစ်အပါအဝင် ကလပ်အမြောက်အမြားတို့ရဲ့ ဆက်သွယ်ခြင်းခံခဲ့ရသူလည်း ဖြစ်ပါတယ်။