ဇန်နဝါရီအထိ အနားယူရမည်ကို စိုးရိမ်နေရတဲ့ အာဆင်နယ်ရဲ့ ဂါဘရီရယ်
===================

အာဆင်နယ်ဗဟိုနောက်ခံလူဂါဘရီရယ်ဟာ ဘရာဇီးအတွက် ကစားစဉ် ရရှိခဲ့တဲ့ ပေါင်ကြွက်သားဒဏ်ရာကြောင့် လာမယ့် ဇန်နဝါရီအထိ အနားယူရမည်ကို စိုးရိမ်နေရပါတယ်။
ဗဟိုနောက်ခံလူဟာ ပြီးခဲ့အပတ်အကုန်တုန်းက အမ်းမရိတ်ကွင်းတွင် ဆီနီဂေါအား ၂-၀ ဖြင့် အနိုင်ရတဲ့ ဘရာဇီးခြေစမ်းပွဲတွင် ဒဏ်ရာရရှိခဲ့ပြီး အာဆင်နယ်နှင့် ပြန်လည်ပူးပေါင်းကာ ဒဏ်ရာကို ကုသမှု ခံနေရပါတယ်။
အသက် ၂၇ နှစ်ရှိ ဂါဘရီရယ်ဟာ ယင်းဒဏ်ရာကြောင့် အနည်းဆုံး ၄ ပတ်ကြာ အနားယူဖို့ ရှိနေပြီး အဆိုးဆုံးအနေဖြင့် ဇန်နဝါရီလအထိ အနားယူလာရနိုင်ကြောင်း သတင်းထွက်နေပါတယ်။
လက်ရှိအချိန်တွင် အာဆင်နယ်ဆေးအဖွဲ့ဟာ ဂါဘရီရယ်ဒဏ်ရာကို စစ်ဆေးနေဆဲ ကာလတွင်သာ ရှိနေဆဲ ဖြစ်ပြီး လာမယ့် ရက်အနည်းငယ်အတွင်းတွင် ဘယ်လောက် နားရမယ်ဆိုတာ အတိအကျ ခန့်မှန်းလာနိင်ဖို့ ရှိနေပါတယ်။
သူဟာ လာမယ့် တနင်္ဂနွေနေ့တွင် ဒေသတွင်း ခါးသီးတဲ့ ပြိုင်ဘက် စပါးစ်နှင့် ရင်ဆိုင်ကစားရမယ့် မြောက်လန်ဒန်ဒါဘီပွဲကို သေချာပေါက်လွဲလာမည်ဖြစ်ရာ အာတီတာအတွက် ကြီးမားတဲ့ ထိုးနှက်ချက် ဖြစ်နေပါတယ်။
သူဟာ ယခုရာသီတွင် ဆာလီဘာနှင့် တွဲကာ ပရီးမီးယးလိဂ်တွင် ၅ ဂိုးတည်းသာ ပေးထားရပြီး အကောင်းဆုံးခံစစ်အတွဲအဖြစ် ရပ်တည်နေသူလည်း ဖြစ်ပါတယ်။
အာတီတာဟာ ဂါဘရီရယ် ဒဏ်ရာကြောင့် အနားယူနေစဉ်အတွင်း ပီရိုဟန်ပါပီနှင့် ခရစ္စတီယန်မို့စ်ကွီရာတို့ကို အားကိုး အသုံးပြုလာဖို့ ရှိနေပါတယ်
တဖက်တွင် အသင်းခေါင်းဆောင်မာတင်အိုဒီဂတ်၊ နိုနီမာဒူကီ၊ ဂါဘရီရယ်မာတင်နယ်လီ၊ ကိုင်ဟာဗတ်ဇ်၊ ဗစ်တာယိုကီရေးစ်တို့မှာလည်း ဒဏ်ရာကြောင့် အနားယူနေရတုန်း ဖြစ်ပါတယ်။

image