11 ပတ် - ဘာသာပြန်ပါ။

ရန်ကုန်ပြည်သူ့ဆေးရုံကြီး၌ သက်ကြီးဆရာဝန်ကြီး (၂၅၀)ဦးကျော်ကို ကျန်းမာရေးစစ်ဆေးပေး

ရန်ကုန်ပြည်သူ့ဆေးရုံကြီး၌ သက်ကြီးဆရာဝန်ကြီး (၂၆၈)ဦးကို နိုဝင်ဘာ ၁၆ ရက်နံနက်ပိုင်းက ကျန်းမာ ရေးစစ်ဆေးကုသမှုများပြုလုပ်ပေးခဲ့ကြောင်း သိရသည်။
သက်ကြီးဆရာဝန်ကြီးများအား သွေးဖောက်စစ်ဆေးခြင်း၊ ECG စစ်ဆေးခြင်း၊ ရင်ဘတ်ဓာတ်မှန်ရို-က်ကူးခြင်း၊ တယ်လီဗွီးရှင်း ဓာတ်မှန်ရို-က်ကူးခြင်းနှင့် အရိုးသိပ်သည်းဆတိုင်းတာစမ်းသပ်ခြင်းတို့ကို အထွေထွေရောဂါအထူးကုဆရာဝန်ကြီးများ၊ သက်ကြီးရွယ်အိုဆေးပညာအထူးကုဆရာဝန်ကြီးများ၊ ဆီးချိုသွေးချိုရောဂါ အထူးကုဆရာဝန်ကြီးများကပြုလုပ်ပေးခဲ့ကြကြောင်း သိရသည်။
ထိုသို့ ပြုလုပ်ပေးနေခြင်းအား ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးပါမောက္ခဒေါက်တာသက်ခိုင်ဝင်းက ကြည့်ရှုအားပေး၍ သက်ကြီးဆရာဝန်ကြီးများကိုတွေ့ဆုံကာ ဆေးဝါးများထောက်ပံ့ပေးခဲ့ကြောင်း သိရသည်။

image