11 ပတ် - ဘာသာပြန်ပါ။

သတ်မှတ်စစ်မှုထမ်း ကာလပြည့်မြောက်အောင် တာဝန်ထမ်းဆောင်ပြီးသည့် ပြည်သူ့စစ်မှုထမ်းများကို လက်မှတ်ထုတ်ပေး

ပြည်သူ့စစ်မှုထမ်းစစ်သည်များအနက်မှ သုံးပုံတစ်ပုံလျှော့ပေါ့ခွင့်ရရှိသည့် သတ်မှတ်စစ်မှုထမ်းကာလပြည့်မြောက်အောင် တာဝန်ထမ်းပြီးသူများအား ပြည်သူ့စစ်မှုထမ်းဆောင်ပြီးကြောင်း လက်မှတ်ထုတ်ပေးပွဲကို နိုဝင်ဘာ ၁၇ ရက်က လုပ်ဆောင်ခဲ့ကြောင်း သိရသည်။
အဆိုပါလက်မှတ်ထုတ်ပေးပွဲကို နိုဝင်ဘာ ၁၇ ရက်၊ မွန်းလွဲပိုင်းတွင် တောင်ပိုင်းတိုင်းစစ်ဌာနချုပ် အေးချမ်းဖြိုးခန်းမ၌ပြုလုပ်ရာ တိုင်းမှူး ဗိုလ်ချုပ်ကြည်သိုက်နှင့် တာဝန်ရှိသူများ၊ ပြည်သူ့စစ်မှုထမ်းဆောင်ပြီးသည့် စစ်သည်များ တက်ရောက်ခဲ့ကြောင်းလည်း သိရသည်။
ထို့ပြင် ပြည်သူ့စစ်မှုထမ်းတာဝန် ကျေပွန်စွာထမ်းဆောင်ခဲ့ကြသူများအား အလုပ်အကိုင်ရရှိရေး၊ ၎င်းတို့ဆန္ဒပြုသော အလုပ်အကိုင်များကို သတ်မှတ်ချက်များနှင့်အညီ ခန့်အပ်ပေးနိုင်ရေးအတွက် သက်ဆိုင်ရာတာဝန်ရှိသူများက ပြည်တွင်း/ပြည်ပ အလုပ်အကိုင်ခန့်အပ်ပေးနိုင်ရေးလုပ်ငန်းကော်မတီနှင့် ချိတ်ဆက်၍ လိုအပ်သည်များ ဆက်လက်ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်းလည်း သိရသည်။

image