အာဆီယံတရားသူကြီးချုပ်များကောင်စီအစည်းဝေး မြန်မာပါဝင်တက်ရောက်

စင်ကာပူကြေညာစာတမ်းကို အာဆီယံနိုင်ငံများမှ တရားသူကြီးချုပ်များနှင့် ကိုယ်စားလှယ်အဖွဲ့ခေါင်းဆောင် အားလုံး ပါဝင်လက်မှတ်ရေးထိုး
စင်ကာပူနိုင်ငံတရားလွှတ်တော်၏ ဖိတ်ကြားချက်အရ နိုဝင်ဘာ (၁၃) ရက်မှ (၁၅) ရက်ထိ ကျင်းပသည့် ၁၂ ကြိမ်မြောက် အာဆီယံတရားသူကြီးချုပ်များ ကောင်စီအစည်းဝေးသို့ ပြည်ထောင်စုတရားသူကြီးချုပ် ဦးသာဌေး ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့အနေဖြင့် တက်ရောက်ခဲ့ကြောင်း သိရသည်။
အစည်းဝေးတွင် အာဆီယံတရားရေးပေါ်တယ်လုပ်ငန်းအဖွဲ့၊ တရားမမှုခင်းများဆိုင်ရာလုပ်ငန်းအဖွဲ့၊ မှုခင်းစီမံခန့်ခွဲမျှုနှင့် တရားရုံးနည်းပညာဆိုင်ရာလုပ်ငန်းအဖွဲ့၊ နိုင်ငံဖြတ်ကျော်ဖြစ်ပွားသည့် မိသားစုမှုခင်းဆိုင်ရာ စသည့် ဆောင်ရွက်ပြီးလုပ်ငန်းများနှင့် အဆိုပြုချက်များ အစီရင်ခံများကို ကောင်စီသို့ တင်ပြချက်ရယူချခဲ့ခြင်းလည်း ဖြစ်သည်။
မြန်မာနိုင်ငံအနေဖြင့်လည်း နိုင်ငံတရားစီရင်ရေးနှင့် သက်ဆိုင်သည့်အကြောင်းရာများကို ပါဝင်ဆွေးနွေးခဲ့ကြောင်း သိရသည်။
ထိုနောက် (၁၂) ကြိမ်မြောက် အာဆီယံတရားသူကြီးချုပ်များ ကောင်စီအစည်းဝေးရလဒ်ဖြစ်သည့် စင်ကာပူကြေညာစာတမ်းကို အာဆီယံနိုင်ငံများမှ တရားသူကြီးချုပ်များနှင့် ကိုယ်စားလှယ်အဖွဲ့ခေါင်းဆောင်အားလုံးက ပါဝင်လက်မှတ်ရေးထိုးခဲ့ကြောင်း သိရသည်။
ကောင်စီအစည်းအဝေးနှင့်အတူ ပူးတွဲကျင်းပသည့် ဆွေးနွေးပွဲနှင့် အစည်းဝေးများကိုလည်း မြန်မာနိုင်ငံအနေဖြင့်တက်ရောက်ခဲ့ကြောင်းလည်း သိရသည်။
အပြည်ပြည်ဆိုင်ရာအငြင်းပွားမှုများဆိုင်ရာ ဆွေးနွေးပွဲ၊ လူမွဲခံယူခြင်းဆိုင်ရာ အာဆီယံတရားသူကြီးများ အစည်းအဝေး၊ အာဆီယံဒေသတွင်း နိုင်ငံဖြတ်ကျော် ဥပဒေကျင့်သုံးမှုဆိုင်ရာဆွေးနွေးပွဲနှင့် အသိညဏ်ပစ္စည်းမူပိုင်ခွင့်ဆိုင်ရာ အစည်းဝေးများ၌လည်း ဆွေးနွေးခဲ့ခြင်းဖြစ်သည်။
အာဆီယံတရားသူကြီးချုပ်များကောင်စီအစည်းအဝေးကို ၂၀၁၃ ခုနှစ်မှစ၍ နှစ်စဉ်ကျင်းပနေပြီး အာဆီယံနိုင်ငံများမှ တရားသူကြီးချုပ်များနှင့် တရားစီရင်ရေးဆိုင်ရာအကြီးအကဲများ တက်ရောက်ကြသည်။

image