လိတ်ကာအသင်းအတွက် ဂျိမ်းစ် ပြန်ကစားနိုင်ရန် နီးစပ်
--------------------

NBA ဂန္ထဝင်ကစားသမား လီဘရွန်ဂျိမ်းစ်ဟာ ဒဏ်ရာကနေ ပြန်လည်သက်သာလာပြီးနောက် LA လိတ်ကာ အသင်းအတွက် ပြန်ကစားပေးနိုင်ဖို့ နီးစပ်နေပြီဖြစ်ပါတယ်။ အသက် ၄၀ အရွယ် လီဘရွန်ဂျိမ်းစ်ဟာ ခန္ဓာကိုယ် ညာဘက်ခြမ်း အာရုံကြော နာကျင်မှု ပြဿနာကြောင့် နားနေရတာဖြစ်ပြီး လိတ်ကာအသင်းရဲ့ ရာသီအစပွဲတွေ ကိုလွဲချော်ခဲ့ရပါတယ်။
အခုချိန်မှာတော့ နာကျင်မှု ပြန်လည်သက်သာလာတဲ့ ဂျိမ်းစ်ဟာ တနင်္လာနေ့မှာ ပြုလုပ်မယ့် လေ့ကျင့်မှုတွေမှာ အသင်းနဲ့အတူ ပြန်လည်ပူးပေါင်းမှာဖြစ်တယ်လို့ လိတ်ကာအသင်းနည်းပြ ရက်ဒစ်က အတည်ပြုထားပါတယ်။ လီဘရွန်ဂျိမ်းစ်ဟာ အခုနှစ် NBA ရာသီကို ကစားသမားဘဝ ၂၃ ခုမြောက် ရာသီအဖြစ် ပါဝင်ယှဉ်ပြိုင်မှာဖြစ်ပါ တယ်။ ဂျိမ်းစ်ဟာ ပြီးခဲ့တဲ့ရာသီက လိတ်ကာအသင်းအတွက် ပွဲပေါင်း ၇၀ ကစားပေးထားခဲ့ပြီး တစ်ပွဲပျမ်းမျှရမှတ် ၂၄ ဒသမ ၄ မှတ်ရယူပေးထားနိုင်ခဲ့ပါတယ်။
NBA ပြိုင်ပွဲရဲ့ ထာဝရ ရမှတ် အများဆုံးကစားသမားဖြစ်တဲ့ ဂျိမ်းစ်ဟာ NBA ချန်ပီယံဆုကို ၄ ကြိမ်ရရှိထားသလို ရာသီတိုင်းမှာ ရွေးချယ်တဲ့ NBA တစ်ရာသီအကောင်းဆုံးအသင်းတွေမှာလည်း ပါဝင်ခွင့်ရခဲ့တာဖြစ်ပါတယ်။ လိတ်ကာအသင်းဟာ အခုရာသီ ဂျိမ်းစ်မပါဝင်နိုင်တဲ့ NBA ၁၄ ပွဲမှာ ၁၀ ပွဲနိုင် ၄ ပွဲရှုံးထားပြီး လူကာဒွန်ဆစ်က အသင်းကို ဦးဆောင်ကစားပေးထား ခဲ့တာဖြစ်ပါတယ်။

image