ကရင်ပြည်နယ်သို့ ခရီးသွား ပိုမိုဝင်ရောက်ရန် စီမံချက် ဆောင်ရွက်နေ
----------------------------

ကရင်ပြည်နယ်ကို ပြည်တွင်းပြည်ပခရီးသွားတွေ ပိုမိုဝင်ရောက်လာစေဖို့ စီမံချက်ဆွဲပြီး ဆောင်ရွက်နေတယ်လို့ ကရင်ပြည်နယ်ဒေသဆိုင်ရာ ခရီးသွားလုပ်ငန်းကော်မတီ ဒုတိယဥက္ကဋ္ဌ စီးပွားရေးရာဝန်ကြီး ဦးစောခင်မောင်မြင့် က ပြောပါတယ်။
ကရင်ပြည်နယ်မှာ လှပတဲ့ ရေ၊ မြေ၊ တော၊ တောင်ရှုခင်းတွေအပြင် သဘာဝလှိုဏ်ဂူတွေ၊ ရေတံခွန်တွေ၊ လည် ပတ်စရာ ပေါများတဲ့အပြင် ကရင်တိုင်းရင်းသားတွေရဲ့ ရိုးရာယဉ်ကျေးမှုတွေ၊ ရာသီအလိုက် ပြုလုပ်တဲ့ ကရင်ရိုးရာ ပွဲ တော် တွေကြောင့် ပြည်တွင်း ခရီးသွား သာမက ပြည်ပခရီးသွားတွေကိုပါ ဆွဲဆောင်နိုင်တဲ့ ဒေသတစ်ခု ဖြစ် တယ် လို့ သိရပါတယ်။
ခရီးသွားတွေ ပိုမိုဝင်ရောက်နိုင်စေဖို့ ဒေသခံတွေ ကိုယ်တိုင်ပါဝင်တဲ့ ခရီးစဉ်ဒေသ စီမံခန့်ခွဲရေးအဖွဲ့တွေက ကဏ္ဍ အလိုက်လုပ်ဆောင်နေတယ်လို့ စီးပွားရေးရာဝန်ကြီး ဦးစောခင်မောင်မြင့်က ပြောပါတယ်။ ကရင်ပြည်နယ် အတွင်းခရီးစဉ်ဒေသတွေအဖြစ် ဆဒ္ဒန်ဂူ၊ ကော့ဂွန်းဂူ၊ ရသေ့ပျံဂူ၊ ကော့ကသောင်ဂူ၊ လွန်းည ရေပြာအိုင်၊ ဇွဲကပင် တောင်၊ ကျောက်ကလပ်၊ တောင်ဝိုင်း၊ ကျုံထော်ရေတံခွန်၊ ဖောင်တော်ဦးစေတီ၊ ပဒုမ္မာ လှိုဏ်ဂူ၊ ဘုရင့်ညီ နောင်ဂူ၊ လင်းနို့ဂူ၊ နောင်ခလိုင်၊ ဣစ္ဆာသယဂူတွေကို လာရောက်လည်ပတ်ကြတာ ဖြစ်တယ်လို့ သိရပါတယ်။
ပြီးခဲ့တဲ့ သီတင်းကျွတ်ရုံးပိတ်ရက်မှာဆိုရင် လာရောက်လည်ပတ်သူတွေများတဲ့အတွက် တည်းခိုရိပ်သာနဲ့ ဟိုတယ် တွေ အခက်အခဲဖြစ်ရတယ်လို့ ဆိုပါတယ်။ အဲဒီအခက်အခဲတွေပြေလည်စေဖို့လည်း ဟိုတယ်အသစ်တွေ တည် ဆောက်နိုင်ဖို့ လုပ်ထုံးလုပ်နည်းတွေနဲ့အညီ ခွင့်ပြုပေးခဲ့တယ်လို့ သိရပါတယ်။ ကရင်ပြည်နယ်ကို ၂၀၂၅ခုနှစ်၊ အောက်တိုဘာလအထိ ပြည်တွင်းခရီးသွား ငါးသိန်းကျော်နဲ့ ပြည်ပခရီးသွား လေးရာကျော် ဝင်ရောက်ခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။

image