ဗိုလ်တစ်ထောင် ဆိပ်ကမ်းတွင် သေဆုံးအမျိုးသားရုပ်အလောင်းတွေ့ရှိ
-------------------------------------------------

ရန်ကုန်တိုင်းဒေသကြီး၊ ဗိုလ်တစ်ထောင်မြို့နယ်ရှိ ဗိုလ်တစ်ထောင်ဆိပ်ကမ်းမှာ နိုဝင်ဘာ ၁၇ရက် မနက်ပိုင်းက သေဆုံးနေတဲ့ အမျိုးသားတစ်ဦးရဲ့ ရုပ်အလောင်း တွေ့ရှိခဲ့တယ်လို့ ကိုပူတူးနှင့်ဘော်ဒါများ လူမှုကူညီရေးအသင်းမှ တာဝန်ရှိသူတစ်ယောက်က One News ကိုပြောပါတယ်၊၊
အမျိုးသားတစ်ယောက် သေဆုံးနေကြောင်း ဖုန်းဆက် အကြောင်းကြားလာတဲ့အတွက် သွားရောက်ကူညီခဲ့တာဖြစ်ပြီး သေဆုံးတဲ့အကြောင်းရင်းကိုတော့ မသိရ​သေးဘူးလို့ ဆိုပါတယ်၊၊
သေဆုံးသူဟာ ခန့်မှန်း အသက် ၄၀ ဝန်းကျင်အရွယ်အမျိုးသားတစ်ယောက်ဖြစ်ပြီး သေဆုံး​နေခဲ့တာ
နှစ်ရက်လောက်ရှိပြီဖြစ်တယ်လို့ သိရပါတယ်၊၊
သေဆုံးရုပ်အလောင်းကို ကိုပူတူးနှင့်ဘော်ဒါများလူမှုကူညီရေးအသင်းမှယာဉ်နဲ့ ရန်ကုန်ပြည်သူ့ဆေးရုံကြီးကို ကူညီပို့ဆောင်ပေးခဲ့တယ်လို့ သိရပါတယ်၊၊

image