မန်ယူနိုက်တက်တိုက်စစ်မှူး ရှက်ရှကို ဒူးဒဏ်ရာကြောင့် တစ်လခန့် နားရမယ်

မန်ယူနိုက်တက်တိုက်စစ်မှူး ရှက်ရှကိုဟာ ဒူးဒဏ်ရာကြောင့် တစ်လခန့် အနားယူရမယ်လို့ သိရပါတယ်။
၎င်းဟာ နိုဝင်ဘာလ ၈ ရက် စပါးနဲ့ပွဲမှာ လူစားဝင်ကစားပြီး ပွဲပြီးခါနီးမှာ ဒဏ်ရာရခဲ့တာဖြစ်တယ်။
ရှက်ရှကိုရဲ့ဒဏ်ရာနဲ့ပတ်သက်ပြီး မန်ယူနိုက်တက်အသင်းဘက်ကတော့ တရားဝင်သတင်းထုတ်ပြန်မှု မရှိသေးပါဘူး။
လာမယ့်တနင်္လာနေ့ အဲဗာတန်နဲ့ ပရီးမီးယားလိဂ်ပွဲ
ပွဲကြိုသတင်းစာရှင်းလင်းပွဲမှာတော့ နည်းပြ
အာမိုရင်မ်က ရှက်ရှကိုရဲ့ဒဏ်ရာနဲ့ပတ်သက်ပြီး ပြောကြားလာဖို့တော့ ရှိပါတယ်။
ရှက်ရှကိုအနေနဲ့ တစ်လဝန်းကျင်သာ အနားယူရဖို့ရှိတာဟာ မန်ယူနိုက်တက်အတွက် သတင်းကောင်း
ပါပဲ။
၎င်းဟာ မန်ယူနိုက်တက်ကို ရောက်လာပြီးကတည်းက ၁၂ ပွဲမှာ နှစ်ဂိုးသာ သွင်းယူနိုင်လို့ ကစားသမားသစ်လေးဦးထဲ ဝေဖန်အခံရဆုံး
ဖြစ်နေပါတယ်။
မန်ယူနိုက်တက်အသင်းဟာ အမ်ဘူမိုနဲ့ အာမက်ဒီယာလိုတို့ကို ဒီဇင်ဘာလ ၂၁ ရက်မှာစတင်မယ့်
အာဖရိကနိုင်ငံများဖလားကို စေလွှတ်ရဖို့ ရှိနေ
ပါတယ်။

image