PSG နဲ့ အမ်ဘာပေ အပြန်အလှန် နစ်နာကြေးတောင်းဆိုနေ

PSG နဲ့ အသင်းတိုက်စစ်မှူးဟောင်း အမ်ဘာပေတို့အကြား အပြန်အလှန် နစ်နာကြေးများ တောင်းဆိုနေကြပါတယ်။
ပြင်သစ်အသင်းခေါင်းဆောင် အမ်ဘာပေက PSG အသင်းကနေ ယူရို ၂၆၃ သန်း အလိုရှိနေတာပါ။
PSG အသင်းကလည်း အမ်ဘာပေထံကနေ ယူရို သန်း ၂၄၀ ပြန်လည်တောင်းဆိုထားပါတယ်။
ယခုအခါ ၎င်းတို့ကြား အငြင်းပွားမှုဟာ ပါရီအလုပ်သမားခုံရုံးအထိ ရောက်ရှိခဲ့ရတာဖြစ်တယ်။
ရီးယဲလ်မက်ဒရစ်တိုက်စစ်မှူး အမ်ဘာပေက PSG အသင်းထံကနေ မရသေးတဲ့ လစာ ယူရို ၅၅ သန်းအပါအဝင် စာချုပ်အငြင်းပွားမှုကို တုံ့ပြန်ရာမှာ ထိခိုက်နစ်နစ်မှု၊ ကလပ်အသင်းဘက်က ဆိုးရွားစွာ ဆက်ဆံခံရမှုတွေနဲ့ လျော်ကြေးတောင်းထားတာဖြစ်ပါတယ်။
PSG အသင်းကတော့ အမ်ဘာပေဟာ ၂၀၂၃ ခုနှစ်မှာ ဆော်ဒီကလပ် အယ်လ်ဟီလာအသင်းထံ ပြောင်းရွှေ့ကြေး ယူရို သန်း ၃၀၀ နဲ့ မပြောင်းခဲ့လို့ လျော်ကြေးတောင်းထားတာပါ။
၎င်းဟာ ၂၀၂၄ ခုနှစ် နွေရာသီမှာ ရီးယဲလ်မက်ဒရစ်အသင်းထံ ပြောင်းရွှေ့ကြေးအလွတ်နဲ့ ရောက်ရှိ
ခဲ့ပါတယ်။

image