ဥတွေစားသုံးရန်အတွက် အဖ/မ်းခံနေရလို့
အရေအတွက်တွေလျော့နည်းလာကာ မျိုးသုဉ်းရန်အန္တရာယ်ရှိလာသော မြင်းခွာ ဂဏန်းများ
မြင်းခွာဂဏန်းဆိုပေမယ့် ဂဏန်းအစစ်တွေမဟုတ်ကြပါဘူး ပင့်ကူ၊ ကင်းမှီးကောက်များနှင့်ပိုပြီး ဆက်နွယ်နေပါတယ်။
horse shoe crab လို့ခေါ်တဲ့မြင်းခွာဂဏန်း "အမ" တွေဟာ သူတို့ရဲ့ ဥတွေနဲ့ အကောင်အရွယ်အစားပိုကြီးတဲ့အတွက် လူတွေဆီမှာ ပိုပြီး target ထား စား ခံရနေရပါတယ်
တချို့သောမျိုးစိတ်တွေဟာ တချို့ဒေသတွေမှာ လုံးဝမတွေ့ရတော့တဲ့အထိ မျိုးသုဉ်းပျောက်ကွယ် သွားကြပါပြီ။
ဒီနေ့မှာတော့ admin က ထိန်းသိမ်းရေးဖက်ကပဲပြောပြပေးသွားပါမယ်
ဘာလို့ မြင်းခွာဂဏန်းတွေကိုမစားသင့်တာလဲ?
(၁)ဆေးဝါးထုတ်လုပ်မှု
သူတို့ရဲ့ သွေးတွေက အပြာရောင်ဖြစ်ကြပါတယ်။
သူတို့ရဲ့သွေးတွေထဲမှာ haemocyanin လို့ခေါ်တဲ့ protein ပါရှိပါတယ် သူက အထူးသဖြင့် မြင်းခွာဏန်းရဲ့ ခန္ဓာကိုယ်ကို အောက်ဆီဂျင်ကို သယ်ဆောင်ပေးတဲ့ လုပ်ငန်းတာဝန်ကိုယူပေးတဲ့ protein တစ်မျိုးဖြစ်ပါတယ်။ အဲ့ဒီ haemocyanin ဆိုတဲ့ protein ကြေးနီဓာတ်ပါပါတယ်။ အဲ့ဒီကြေးနီဓာတ်နဲ့ Oxygen တွေ့သွားတဲ့သွားတဲ့အခါ သွေးက အပြာရောင်ပြောင်းသွားပါတယ်။ (O2လည်ပတ်ဖို့အဓိကလုပ်ဆောင်ပေးတဲ့protein ဖြစ်ပါတယ်)
ဒါ့အပြင် အပြာရောင်သွေးတွေထဲမှာ LAL (Limulus Amebocyte Lysate) လို့ခေါ်တဲ့ proteins နဲ့ enzymes တွေရောထားတဲ့ proteinဒြပ်နှောတစ်ခုပါရှိပါတယ်။ အဲ့ဒီ LAL က
Endotoxin ဆိုတဲ့ Gram negative Bacteria ရဲ့ အပြင်ဖက်အမြှေးပါး နံရံက အဆိပ်ဖြစ်စေတဲ့ အရာ တွေကို ရှာဖွေနိုင်ပါတယ်။ အဲ့ဒီ အဆိပ်အနည်းငယ်လောက်သာလူ့ခန္ဓာကိုယ်ထဲဝင်ရောက်ခဲ့ရင်တောင် အသက်အန္တရာယ်ရှိနိုင်ပါတယ်
ဒါကြောင့် မြင်းခွာဂဏန်းရဲ့အပြာရောင် သွေးထဲမှယ ပါဝင်တဲ့ LAL proteinတွေကို ကာကွယ်ဆေးတွေ (ဥပမာ- ခွေးရူးပြန်ကာကွယ်ဆေး၊ Covid ကာကွယ်ဆေး အစရှိသဖြင့်ကာကွယ်ဆေးများ) နှင့် ဆေးတွေ ထုတ်လုပ်တဲ့အခါ ၊ IV fluids တွေ အတွက် Endotoxins ပါမပါ စမ်းသပ်စစ်ဆေးတဲ့အခါ သုံးပါတယ်။
(စစ်ဆေးပုံ protocol က ကိုယ့်ဟာကိုယ်ရှာဖွေဖတ်ကြပါ)
(အကြမ်းဖျင်း - Endotoxins တွေပါရင် sampleကိုခဲသွားစေပြီး
Endotoxins မပါ ရင် အရည်အတိုင်းပါပဲ)
ဒါကြောင့်အချုပ်အားဖြင့်ဆိုရသော် မြင်းခွာဂဏန်းတွေက ဆေးဝါးထုတ်လုပ်ရေးအတွက်လည်း အထောက်အကူပြုနေပါတယ်)
ဒီ မြင်းခွာဂဏန်းလေးတွေဟာ ထောင်သောင်းပေါင်းများစွာသောလူတွေရဲ့အသက်ကိုကယ်တင်ပေးနေပါတယ် 🙏
(၂) အလွန်အကျွံ စားသုံးခံရမှု
မြင်းခွာဂဏန်းအမတွေဟာ ဥနဲ့ အသားအတွက် အလွန်အမင်း ဖ/မ်းရောင်းခံနေရပါတယ်။
မြင်းခွာဂဏန်းအမတွေဟာ ဥအပြည့်နဲ့ စ/ားသုံးခံနေရသည့်အတွက် မျိုးပွားတာလျော့နည်းစေပြီး အကောင်အရေအတွက်တွေလျော့နည်းလာရုံတင်မက မျိုးသုဉ်းမှူ အန္တရာယ်နဲ့ပါရင်ဆိုင်နေရပါပြီ။
တချို့ ဒေသတွေမှာ လုံးဝပျောက်ကွယ်သွားကြပါပြီ။
ရာသီဥတုပြောင်းလဲမှုနဲ့ သမုဒ္ဒရာရေညစ်ညမ်းမှုဒါဏ်တွေကိုခံရရုံသာမက အလွန်အကျွံစား သုံး ခြင်းကိုပါခံနေရပါတယ်။
(၃) ပင်လယ်ဂေဟစနစ်အတွက်အရေးပါမှု
မြင်းခွာဂဏန်းတွေ တချို့သော ပင်လယ်နေသတ္တဝါတွေရဲ့ အစာကွင်းဆက်တွင်ပါဝင်နေခြင်း
တချို့သောဌက်မျိုးစိတ်များအတွက် သူတို့ရဲ့ သဲသောင်ပြင်မှ ဥတွေက အစာဖြစ်ပေးခြင်း ဒါအပြင့် ပင်လယ်ကြမ်းပြင်ရှိ သဲများတွင် တွင်းအောင်းနေသည့်အတွက် သူတို့ပြုလုပ်တဲ့သဲတွင်းလေးတွေက တချို့သော ပင်လယ်နေသတ္တဝါလေးများ အပင်လေးများ အတွက် ကောင်းမွန်တဲ့ habitatတစ်ခုက်ိုဖန်တီးပေးပါတယ်။
မြင်းခွာဂဏန်း အထီးအမ (ကင်းဖို/ကင်းမ) အစုံလိုက် ဘယ်အချိန်မှာတွေ့ရလဲ?
မျိုးပွားတဲ့ရာသီမှာ ပင်လယ်ကမ်းခြေမှာတွေ့ရတတ်ပါတယ် မြင်းခွာဂဏန်းအမရဲ့ကျောပေါ်မှာ အမထက် သေးငယ်တဲ့အထီး တက်လျက်တွေ့ရတတ်ပါတယ်
အကြောင်းအရာအသေးစိတ်
(1)အမက ပင်လယ်ကမ်းခြေ သဲသောင်မှာတွင်းတူးပြီး သူရဲ့ဥတွေဥချပါတယ်
(2) သူဥချထားတဲ့ဥတွေအပေါ် အထီးတွေက "Sperm" "သုတ်" တွေထုတ်လွှတ်ပြီး ဥတွေကိုမျိုးအောင်ပေးပါတယ် "External fertilization "
အထီးနဲ့အမ (၂) ကောင်တည်းအပြင် တစ်ခါတစ်လေမှာ အထီးတွေအများကြီးကလည်း လာရောက်ပြီး ဥတွေကို မျိုးအောင်ဖို့ "sperm" တွေ ဥတွေအပေါ် ထုတ်လွတ်ပေးကြပါတယ်
ဒါကြောင့် အထီး/အမ တစ်စုံပဲတွေ့တာ သေတဲ့အထိ နေတာ ဆိုတာတွေက မမှန်ပါဘူး
သူတို့က ကမ်းခြေပေါ်ကို မျိုးပွားရန်သာတက်လာခြင်းဖြစ်ပါတယ်
မျိုးပွားရာသီမှာ အထီးအမ တစ်စုံတည်း ဒါမှမဟုတ် အမ နဲ့ အထီးတွေ တွေ့ရတတ်ပါတယ်
အထီးတွေက အမတွေရှိတဲ့နေရာဘယ်လိုသိလဲ?
(၁)အမတွေက မျိုးပွားရာသီမှ "Pheromones " လို့ခေါ်တဲ့ဓာတု အနံတစ်မျိုးထုတ်လွတ်ပါတယ်
အဲ့အနံကနေ တစ်ဆင့် အထီးတွေက အမကိုရှာဖွေတတ်ကြပါတယ်
(၂) သူတို့ရဲ့အခွံနဲ့ ခြေတွေမှာပါတဲ့ အာရုံခံတဲ့ အမွှေးလေးတွေကိုသုံးပြီး တုန်ခါမှု/ ရွေ့လျားမှူတွေ ရေဖိအားတွေငနေတစ်ဆင့်လည်းသိနိုင်ကြပါတယ်
(၃) မျိုးပွားရာသီကို အပူချိန်/ ဒီရေ အနည်းအများ အတက်အကျ စတဲ့ ပတ်ဝန်းကျင်အချက်လက်တွေကလည်း သိကြပါတယ်
(2-4) ပတ်အတွင်းမှာ အပူချိန် အခြေနေပေါ်မူတည်ပြီး ဥလေးတွေက အကောင်ပေါက်လာပါတယ်
သူတို့ဟာ သူတို့ရဲ့မျိုးပွားတဲ့ဖြစ်စဉ် ပြီးတာနဲ့ သူတို့ဟာသူတို့ ပြန် ဆင်းသွားတတ်ကြပါတယ်
ဒီနေ့ post ကိုအချိန်ကုန်ခံရေးရခြင်းသည်
မြင်းခွာဂဏန်း ဥအပြည့် ကိုစားပြနေကြသော food vlogger များသိရှိစေရန် ရေးသားရခြင်းဖြစ်သည်။ Soe Thandar Aung
#byallaboutsnakessawthandaawng
#snakesofmyanmar
