(၁၇) ကြိမ်မြောက် အရှေ့တောင်အာရှ အသက် (၁၈) နှစ်အောက်နှင့် အသက် (၂၀) နှစ်အောက် ပြေးခုန်ပစ်ပြိုင်ပွဲတွင် မြန်မာ့ပြေးခုန်ပစ် ကစားသမားများ ရွှေတံဆိပ်နှင့် ကြေးတံဆိပ်များရရှိ
အင်ဒိုနီးရှားနိုင်ငံ North Sumatera , Medan ရှိ Madya Stadium တွင် ကျင်းပနေသည့် (၁၇) ကြိမ်မြောက် အရှေ့တော င်အာရှ အသက် (၁၈) နှစ်အောက် နှင့် အသက် (၂၀) နှစ်အောက် ပြေးခုန်ပစ်ပြိုင်ပွဲတွင် မြန်မာ့ပြေးခုန်ပစ် ကစားသမားများ ရွှေတံဆိပ်နှင့် ကြေးတံဆိပ်များရရှိထားကြောင်း သိရသည်။
အဆိုပါပွဲကို နိုဝင်ဘာ (၁၅) ရက်မှ (၁၈) ရက် အထိ ကျင်းပလျက်ရှိပြီး မြန်မာပြေးခုန်ပစ်အားကစားများ ရွှေတံဆိပ်တစ်ခုနှင့် ကြေးတံဆိပ်တစ်ခုရရှိထားကြောင်း သိရသည်။
အဆိုပါ ပြိုင်ပွဲတွင် အသက် (၁၈) နှစ်အောက် လှံတံပစ် (ကျား) ပြိုင်ပွဲတွင် ချစ်မင်းအောင်က (၆၃.၈၅) မီတာတွင် ပထမဆု (ရွှေတံဆိပ်)၊ အသက် (၂၀) နှစ်အောက် မီတာ ၁၅၀၀ (အမျိုးသား) ပြိုင်ပွဲတွင် ရဲရင့်အောင်က (၃:၅၉.၃၀) ဖြင့် တတိယ (ကြေးတံဆိပ်) ဆွတ်ခူးရရှိခဲ့ခြင်းဖြစ်သည်။
(၁၇) ကြိမ်မြောက် အရှေ့တောင်အာရှ အသက် (၁၈) နှစ်အောက်နှင့် အသက် (၂၀) နှစ်အောက် ပြေးခုန်ပစ်ပြိုင်ပွဲ အရှေ့ တောင်အာရှနိုင်ငံများမှ မြန်မာအပါအဝင် ပြေးခုန်ပစ်အားကစားသမား (၂၀၈) ဦး ပါဝင်ယှဉ်ပြိုင်လျက်ရှိကြောင်းသိရသည်။