ရာမညအားကစားကွင်းအား နိုင်ငံတော် ယာယီသမ္မတကြည့်ရှုစစ်ဆေး

အားကစားကွင်းများသည် အဆင့်အတန်းရှိစွာကစားနိုင်သည့်အနေအထားဖြစ်ရန်လိုဟုပြောကြားခဲ့
နိုင်ငံတော်ယာယီသမ္မတ၊ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင် ဥက္ကဋ္ဌ၊ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် ယနေ့ နိုဝင်ဘာ ၁၆ ရက်က မွန်ပြည်နယ်အစိုးရအဖွဲ့၊ အားကစားနှင့် ကာယပညာဦးစီးဌာန၏ ရာမညအားကစားကွင်းအားကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
ပြည်နယ်လူမှုရေးရာဝန်ကြီးက ရာမညအားကစားကွင်း တည်ဆောက်ထားရှိမှု၊ ပြည်နယ်ကျောင်းသား အားကစားကွင်းတည်ဆောက်ထားရှိမှု၊ လူငယ်စင်တာဖွင့်လှစ်နိုင်ရေးဆောင်ရွက်ထားရှိမှုနှင့် ပြည်နယ်အားကစားဥယျာဉ် တည်ဆောက်ထားရှိမှုတို့ကို ရှင်းလင်းတင်ပြခဲ့ကြောင်း သိရသည်။
ယာယီသမ္မတမှ စီမံကိန်းလုပ်ငန်းများအကောင်အထည်ဖော်ရာတွင် နောင်တွင်ဖြစ်ပေါ်လာနိုင်မည့် အခြေအနေအရပ်ရပ်ကိုပါထည့်သွင်းတွက်ချက်၍ ရေရှည်အကျိုးဖြစ်စေသည့်ဆောင်ရွက်မှုများဖြစ်ရန်လိုပြီး အား ကစားကွင်းများသည် အဆင့်မီရမည်ဖြစ်ကာ အားကစားသမားများ အဆင့်အတန်းရှိစွာကစားနိုင်သည့်အနေအထားဖြစ်ရန်လိုပြီး ပွဲကြည့်ပရိသတ်များအနေဖြင့်လည်း ပြည်နယ်အဆင့်နှင့် လျော်ညီစွာကြည့်ရှုအားပေးနိုင်ရမည်ဟုမှာကြားခဲ့ကြောင်း သိရသည်။
ထို့နောက် ယာယီသမ္မတသည် ရာမညအားကစားကွင်းအားကြည့်ရှုစစ်ဆေးပြီးနောက် မော်လမြိုင်ပညာရေးဒီဂရီကောလိပ်အတွင်းကိုလည်းလှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။

image