ဓါတ်အားလိုအပ်ချက် ပိုမိုဖြည့်ဆည်းပေးနိုင်ရန် လျှပ်စစ်ဓာတ်အားထုတ်လုပ်နိုင်ရေးနည်းမျိုးစုံဖြင့် ကြိုးပမ်းဆောင်ရွက်လျက်ရှိ
လက်ရှိ ဓါတ်အားလိုအပ်ချက်ကို ပိုမိုဖြည့်ဆည်းပေးနိုင်ရန်အတွက် လျှပ်စစ်ဓါတ်အားပိုမိုတိုးတက် ထုတ်လုပ်နိုင်ရေးနည်းမျိုးစုံဖြင့် ကြိုးပမ်းဆောင်ရွက်လျက်ရှိကြောင်း လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးညဏ်ထွန်းက ပြောသည်။
ကချင်ပြည်နယ်အတွင်း လျှပ်စစ်ဓါတ်အားဖြန့်ဖြူးပေးနေသည့် အခြေအနေများနှင့်ပတ်သက်ပြီး ပြည်နယ်လျှပ်စစ်အင်ဂျင်နီယာရုံးမှ တာဝန်ရှိသူများနှင့် ယမန်နေ့ကတွေ့ဆုံစဉ် ပြည်ထောင်စုဝန်ကြီးက အထက်ပါအတိုင်းပြောကြားခဲ့ခြင်းဖြစ်သည်။
လျှပ်စစ်ဓါတ်အားများကို ပြည်သူများထံသို့ ပိုမိုတိုးတက်ဖြန့်ဖြူးပေးနိုင်ရန် ပို့လွှတ်ရေးဓာတ်အားလိုင်းများနှင့် ဖြန့်ဖြူးရေး ဓါတ်အားလိုင်းများ တိုးတက်ကောင်းမွန်အောင် ဟန်ချက်ညီညီ စီမံဆောင်ရွက်လျက်ရှိကြောင်းလည်း ပြည်ထောင်စုဝန်ကြီးက ပြောသည်။
ဓါတ်အားပျောက်ဆုံးမှုလျော့နည်းစေရေး အလေးထားဆောင်ရွက်ရန်၊ ဓါတ်အားခကြွေးကျန်များ အပြည့်အဝကောက်ခံရရှိနိုင်ရေး ကြိုးပမ်းဆောင်ရွက်ရန်နှင့် တရားမဝင် ဓါတ်အားသုံးစွဲမှုများ မရှိစေရေးအတွက်လည်း စစ်ဆေးရေးအဖွဲ့များ ဖွဲ့စည်းပြီး ဖော်ထုတ်အရေးယူဆောင်ရွက်ရန်လည်း ပြောကြားထားသည်။
၂၀၂၅-၂၆ ဘဏ္ဍာရေးနှစ်အတွင်း အကောင်ထည်ဖော်ဆောင်ရွက်နေသည့်လုပ်ငန်းများကို သတ်မှတ်ကာလအတွင်း ပြီးစီးအောင်ဆောင်ရွက်ရမည်လည်း ဖြစ်သည်။