2 ပတ် - ဘာသာပြန်ပါ။

မြန်မာ-ရုရှား နှစ်နိုင်ငံ စစ်ရေယာဉ်များ ပင်လယ်ပြင်၌ ရေကြောင်းလုံခြုံရေးဆိုင်ရာလေ့ကျင့်ခန်းများ လက်တွေ့ ပူးပေါင်းဆောင်ရွက်ခဲ့ဟုဆို

မြန်မာ-ရုရှား နှစ်နိုင်ငံ စစ်ရေယာဉ်များ ပင်လယ်ပြင်၌ ရေကြောင်းလုံခြုံရေးဆိုင်ရာလေ့ကျင့်ခန်းများ လက်တွေ့ ပူးပေါင်းဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
တတိယအကြိမ် မြန်မာ-ရုရှား ရေကြောင်းလုံခြုံရေးဆိုင်ရာ လေ့ကျင့်ခန်းဆောင်ရွက်ရန်နှင့် ချစ်ကြည်ရေး ခရီးလည်ပတ်ရန် နိုဝင်ဘာ ၁၀ ရက်တွင် ရန်ကုန်မြို့သို့ ရောက်ရှိနေသော ရုရှားရေတပ် Pacific Fleet မှ စစ်ရေယာဉ် သုံးစီးတို့သည် ပင်လယ်ပြင်၌ လက်တွေ့လေ့ကျင့်ခန်းများဆောင်ရွက်ရန် တပ်မတော်(ရေ)မှ စစ်ရေယာဉ်များနှင့် အတူ နိုဝင်ဘာ ၁၃ ရက်၊ နံနက်ပိုင်းတွင် ရန်ကုန်မြို့၊ သီလဝါဆိပ်ကမ်းမှ လေ့ကျင့်ခန်းဧရိယာသို့ ထွက်ခွာခဲ့ကြကြောင်း သိရသည်။
ထိုသို့ ထွက်ခွာရာတွင် တပ်မတော်(ရေ) မှအရာရှိကြီးများ၊ အရာရှိ၊ စစ်သည်များ၊ ချစ်ကြည်ရေးခရီးရောက်ရှိနေသည့် ရုရှားရေတပ်မှ ဒုတိယရေတပ်ဦးစီးချုပ် ဒုတိယဗိုလ်ချုပ်ကြီး Aleksei Anatolievich Kilashko မြန်မာနိုင်ငံဆိုင်ရာ ရုရှားစစ်သံမှူးနှင့်တာဝန်ရှိသူများက ပို့ဆောင်နှုတ်ဆက်ကြကြောင်း သိရသည်။
ချစ်ကြည်ရေးခရီးရောက်ရှိနေသည့် ရုရှားရေတပ်မှ ဒုတိယရေတပ်ဦးစီးချုပ် ဒုတိယဗိုလ်ချုပ်ကြီး Aleksei Anatolievich Kiiashko ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့သည် နိုဝင်ဘာ ၁၁ ရက် ညနေပိုင်းတွင် တပ်မတော်(ရေ)မှ စစ်ဦးစီးအရာရှိချုပ်(ရေ) ဒုတိယဗိုလ်ချုပ်ကြီး အေးမင်းထွေးနှင့် အဖွဲ့ဝင်များအား ဧရာဝတီရေတပ်စခန်းဌာနချုပ်၊ အရာရှိရိပ်သာ၌ လာရောက်တွေ့ဆုံခဲ့ကြောင်း သိရသည်။

image