◾️ထိုင်းနိုင်ငံတွင် အလုပ်ဖြုတ်ခံခဲ့ရသည့် မြန်မာအလုပ်သမား ၂၀၂ ဦး နစ်နာကြေးများ ပြန်ရ
ထိုင်းနိုင်ငံ စမူပကန်ခရိုင်ဖက်ဖဒဲ့မြို့နယ် ကုမ္ပဏီတွင် အလုပ်ဖြုတ်ခံခဲ့ရသည့် မြန်မာအလုပ်သမား ၂၀၂ ဦး၏ နစ်နာကြေးများ ပြန်လည်ရရှိခဲ့ကြောင်း သိရသည်။
မြန်မာအလုပ်သမား ၂၀၂ ဦးအား နေ့စားအလုပ်သမားအဖြစ်မှပုတ်ပြတ် အလုပ်သမားအဖြစ်သို့ကုမ္ပဏီဘက်က ပြောင်းလဲသတ်မှတ်ခဲ့ပြီး လုပ်အားခများ ကန့်သတ်ခဲ့သောကြောင့် မြန်မာအလုပ်သမားများကဆက်သွယ် အကူအညီတောင်းခံခဲ့ရာနိုဝင်ဘာ ၁၄ ရက်တွင် မြို့နယ် စဝါဒီကန်ရုံးနှင့်ချိတ်ဆက်ပြီးကူညီဖြေရှင်းပေးခဲ့ကြောင်း WAG အဖွဲ့မှ သိရသည်။
မြို့နယ်ဆဝါဒီကန်ရုံးတွင် ညှိနှိုင်းချက်အရ မြန်မာအလုပ်သမား စုစုပေါင်း၂၀၂ ဦး၏နစ်နာကြေးအဖြစ် စက်ရုံ ဘက်မှ အလုပ်သမားတစ်ဦးကို လျော်ကြေးဘတ် ၆၅၀၀ ပေးခဲ့ကြောင်း WAGအဖွဲ့မှ သိရသည်။
နေ့စားလုပ်အားခများစုငွေနှင့် လစဉ်အလိုက် ဗီဇာသက်တမ်းတိုးခ အပါအဝင် ဃှု စာအုပ်ကုန်ကျငွေနှင့် ကျန်ရှိနေသော နေ့စားလုပ်အားခများကို နိုဝင်ဘာ ၁၇ ရက်တွင်စက်ရုံရှေ့၌ အလုပ်သမားများကို ပေးဆောင် မည်ဟု စက်ရုံဘက်မှ ပြောဆိုခဲ့ကြောင်း သိရသည်။
#ယနေ့ထုတ်သတင်းစာ_ပြည်တွင်းသတင်း