1 d - Translate

Kutukan-Cakar-Monyet (2023)
========================
IMDb Rating (7.7)
ဆုတောင်းသုံးခုဖြည့်ပေးတဲ့ မျောက်လက်အကြောင်း ဇာတ်လမ်းကိုမကြားဖူးတဲ့သူ မရှိသလောက်နည်းကြပါလိမ့်မယ်။ ရှေးခေတ်အင်္ဂလိပ်စာရေးဆရာတစ်ဦးရဲ့၀တ္ထုတိုတစ်ပုဒ်ကနေဆင်းသက်လာခဲ့တာဖြစ်ပြီး အောင်မြင်မှုကြောင့် ရုပ်ရှင်တွေ၊ပြဇာတ်တွေအမျိုးမျိုးပြန်လည်အသ-က်သွင်းရာကနေအခုချိန်ထိ မူကွဲအမျိုးမျိုးနဲ့တည်ရှိနေဆဲဖြစ်ပါတယ်။
အဲ့ဒီမျောက်လက်ကိုပိုင်ဆိုင်သူက ဆုတောင်းသုံးခုတောင်းပိုင်ခွင့်ရှိပါတယ်။ ဒါပေမယ့်လည်း အဲ့ဒီဆုတောင်းတွေဟာ ကံကြမ္မာကိုဝင်ရောက်စွက်ဖက်သလိုဖြစ်သွားတာကြောင့် ဆုတောင်းပြည့်ပေမယ့်ပြန်ပြီးပေးဆပ်ရမယ့် အကျိုးဆက်ဟာကြီးမားပြီး ကြောက်စရာကောင်းလေ့ရှိပါတယ်။
ဥပမာ မူရင်း၀တ္ထုထဲမှာဆိုရင်အိမ်ဖိုးငွေပေးချေနိုင်ဖို့ပေါင် ၂၀၀ ရရှိဖို့ဆုတောင်းရာကနေ သားဖြစ်သူမတော်တဆမှုနဲ့‌ေ-သဆုံးသွားခဲ့ပြီး ဆုတောင်းထားတဲ့ငွေကို အာမခံငွေအဖြစ်ရရှိခဲ့တာမျိုးပါ။
Kutukan Cakar Monyet (2023) ဟာ အထက်ပါမျောက်လက်ဒဏ္ဍာရီကိုအခြေခံထားတဲ့ အင်ဒိုနီးရှားဟော်ရာကားတစ်ကားပါ။ ရွိုင်းနဲ့ အမရာဆိုတဲ့ဇနီးမောင်နှံနှစ်ယောက် ဘ၀သစ်တစ်ခုစဖို့ အိမ်သစ်တစ်လုံးကိုပြောင်းရွှေ့နေထိုင်ရာကနေ အရင်အိမ်ရှင်တွေချန်ထားခဲ့တဲ့ လက်သဏ္ဍာန်သစ်သားရုပ်တစ်ခုကိုတွေ့ရှိခဲ့ပါတယ်။
အဲ့ဒီအရုပ်ရဲ့ထူးခြားတဲ့ အရိပ်နိမိတ်ပြမှုတွေကနေ သူ့အစွမ်းကိုသိသွားခဲ့ပြီး သူတို့ဘ၀မှာ လိုအပ်နေတဲ့အရာတွေကိုဆုတောင်းရာကနေ သူတို့အိမ်ထောင်ရေးအက်ကြောင်းထစပြုလာပြီး ကြောက်မက်စရာ အခြောက်အလှန့်မျိုးစုံနဲ့ရင်ဆိုင်တွေရတဲ့အကြောင်းတွေကိုပုံစံသစ်တစ်မျိုးနဲ့တင်ဆက်ထားတာဖြစ်ပါတယ်။ The Raid မင်းသား Oka Antara ရဲ့ဇာတ်ကားသစ်ပါ။
File size… (730 M / (380 M
Quality…. WEB-DL 1080p HEVC / 720p
Format…. mkv/mp4
Genre…. Horror
Duration…. 01:26:43
Subtitle…. Myanmar Subtitle (Hardsub)

image