ယူနိုက်တက်ကို ဖျက်ဆီးနေတယ်လို့ ပူးတွဲပိုင်ရှင်ဆာဂျမ်ရက်ကလစ်ဖ်ကို တိုက်ခိုက် ပြောဆိုလာတဲ့ အဲရစ်ကန်တိုနာ
=================
အဲရစ်ကန်တိုနာက ဆာဂျမ်ရက်ကလစ်ဖ်မှာ မန်ချက်စတာယူနိုက်တက်ကို ဖျက်ဆီးနေတယ်လို့ ယုံကြည်ကြောင်း ပြောကြားလာပါတယ်။
ဒါ့အပြင် ပြင်သစ်တိုက်စစ်မှူးဟောင်းက အသင်းဟောင်းကို ပြန်လည်တည်ဆောက်ရေးတွင် ပါဝင်ကူညီပေးရန် ပြောဆိုခဲ့ပေမယ့်လည်း ဆာဂျမ်ရက်ကလစ်ဖ်ရဲ့ ငြင်းပယ်ခြင်းခံခဲ့ရကြောင်းလည်း ဆိုသွားပါတယ်။
ဆာဂျမ်ရက်ကလစ်ဖ်ဟာ ပြီးခဲ့တဲ့ဖေဖော်ဝါရီလတုန်းက ယူနိုက်တက်ရဲ့ ရှယ်ယာ ၂၇.၇ ရာခိုင်နှုန်းကို ဝယ်ယူခဲ့ပြီးနောက် ကလပ်ရဲ့ ဘောလုံးရေးရာကိစ္စရပ်များကို ထိန်းချုပ် လုပ်ဆောင်ခဲ့ပါတယ်။
ကန်တိုနာအပါအဝင် ယူနိုက်တက်ပရိသတ်များက ဆာဂျမ်ရက်ကလစ်ဖ် ရောက်လာမှုနှင့်အတူ ယူနိုက်တက်တွင် ကြီးမားတဲ့ အပြောင်းအလဲ ဖြစ်လာမယ်လို့ ယူဆခဲ့ကြပါတယ်။
ဒါပေမယ့် ရက်ကလစ်ဖ်လက်အောက်တွင် ယူနိုက်တက်မှာ ကွင်းတွင် ရလဒ်မှာ အားရစရာ မကောင်းတဲ့အပြင် ကွင်းပြင်ပတွင်လည်း ဆိုးရွားနေပါတယ်။
ဆာဂျမ်ရက်ကလစ်ဖ်ဟာ ယူနိုက်တက်ကို ဦးဆောင်ပြီးနောက် အသုံးစရိတ်လျှော့ချတဲ့အနေဖြင့် ဝန်ထမ်း ၄၀၀ တို့ကို လျှော့ချတဲ့အပြင် ဝန်ထမ်းများအား အခမဲ့နေ့လည်စာကျွေးမှုကိုလည်း ရပ်ဆိုင်းခဲ့ပါတယ်။
An Evening with Eric The King Cantona ရှိုးပွဲတွင် အဲရစ်ကန်တိုနာက "ကျုပ်မှာ အခြားဝါသနာတွေ၊ စီမံကိန်းတွေ အများကြီး ရှိတယ်။ ဒါပေမယ့် ဒီကလပ်တစ်ခုတည်းအတွက်ပဲ လုပ်ဖို့ လွန်ခဲ့တဲ့ နှစ်နှစ်သုံးနှစ်ကတည်းက စဉ်းစားခဲ့တယ်။ ဒီကလပ်က ကျွန်တော့်အတွက် အရာရာပါ။ ဒါပေမယ့် (ရက်ကလစ်ဖ်)စိတ်ဝင်စားပုံမရပါဘူး။ ကျုပ်လည်း အတတ်နိုင်ဆုံး လုပ်ခဲ့တာပဲ။ အပြစ်ရှိတယ်လို့ မခံစားရဘူး။ အကောင်းဆုံးကြိုးစားခဲ့တယ်။ ဆာအဲလက်စ်ဖာဂူဆန်က ဘောလုံးတိုက်စစ်စတိုင်တစ်ခုကို ဖန်တီးခဲ့တယ်။ ဒါကို ပိုင်ရှင်သစ်တွေက သုံးရမယ်။ ဒါပေမယ့် သူတို့က ဒါကို ဖျက်ဆီးပစ်တယ်"လို့ ပြောကြားသွားပါတယ်။
အဲရစ်ကန်တိုနာဟာ ယူနိုက်တက်တွင် ၁၉၉၂ ခုနှစ်မှ ၁၉၉၇ ခုနှစ်အထိ ၅ နှစ်ကြာ ကစားစဉ်အတွင်း ၁၈၅ ပွဲကစားခဲ့ရာမှာ ၈၂ ဂိုးသွင်းယူပြီး ဆာအဲလက်စ်ဖာဂူဆန်ရဲ့ အင်္ဂလန်ဘောလုံးလောကအား အုပ်စိုးနိုင်ရေး အဓိကနေရာမှ ပါဝင်ခဲ့ပါတယ်။