သမိုင်းဝင်ဂုတ်ထိပ်တံတား ၂၀၉ တန်ဝန်ရှိ ရထားကို စမ်းသပ်မောင်းနှင်

ရှမ်းပြည်နယ်မြောက်ပိုင်း၊ နောင်ချိုမြို့နယ်အတွင်းရှိ မိုင်းခွဲဖျ-က်ဆီးခံခဲ့ရတဲ့ နောင်ချို၊ ဂုတ်ထိပ်တံတားပေါ်မှ ကုန်တန်ချိန်၂၀၉ တန်ဝန်ရှိ ရထားကို စမ်းသပ်မောင်းနှင်နိုင်ခဲ့ပြီဖြစ်ကြောင်းသိရသည်။

အဆိုပါ စမ်းသပ်ပြေးဆွဲမှုကို နိုဝင်ဘာ (၁၂) ရက်နေ့က တံတားကြံ့ခိုင်မှုဝန်ကို စမ်းသပ်စစ်ဆေးပြေးဆွဲခဲ့ခြင်းဖြစ်ပြီး၊ ဂုတ်ထိပ်တံတားကြီး၏ ပျ-က်စီးသွားသော လမ်းပိုင်းများကို မြန်မာ့မီးရထား အင်ဂျင်နီယာများမှ ရှေးယခင်မူလလက်ရာများအတိုင်း ပြန်လည်ပြင်ဆင်ခဲ့ကြခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါ သမိုင်းဝင်ဂုတ်ထိပ်တံတားကြီးကို ၂၀၂၅ ခုနှစ် ဩဂုတ်လ ၂၄ ရက်နေ့က TNLA လက်နက်ကိုင်အဖွဲ့က နောင်ချိုမြို့မှဆုတ်ခွာစဉ် မိုင်းခွဲဖျ-က်ဆီးခဲ့ခြင်းဖြစ်သည်။

တံတားပြင်ဆင်ခြင်းလုပ်ငန်းများ၊ ကြံ့ခိုင်မှုစစ်ဆေးခြင်းလုပ်ငန်းများပြီးစီးပြီးပါက ‌ခရီးသွားများ အဆင်ပြေစေရန် ရထားခရီးစဉ်များ ပြန်လည်စတင်သွားမည်ဖြစ်ကြောင်း သိရသည်။

image