EV နည်းပညာကို ပြည်သူများ ဘေးကင်းစွာ သုံးစွဲနိုင်ရေး သင်တန်းပေး

EV ( Electric Vehicle) သုံးစွဲမှု မြင့်တက်လျက်ရှိရာ ပြည်သူများဘေးအန္တာရယ်ကင်းစွာ သက်တမ်းပြည့်သုံးစွဲနိုင်ရေးအတွက် အစိုးရစက်မှုလက်မှုသိပ္ပံ (အင်းစိန်) တွင် (Electric Vehicle ၊ EV) Training of Trainers သင်တန်းဖွင့်ပွဲကို နိုဝင်ဘာ (၁၀) ရက်က ကျင်းပခဲ့ကြောင်း သိရသည်။

ပြည်သူများ ဘေးအန္တရာယ်ကင်းစွာ သက်တမ်းပြည့်သုံးစွဲနိုင်ရေး သင်တန်းသားများအနေဖြင့် EV နည်းပညာများကို ကျွမ်းကျင်ပိုင်နိုင်သည်အထိ လေ့ကျင့်သင်ယူကြရန် သင်တန်းဖွင့်ပွဲ၌ လျှပ်စစ်သုံးယာဉ်နှင့် ဆက်စပ်ပစ္စည်းများ သုတေသနဖွံဖြိုးရေးနှင့် နည်းပညာပြန့်ပွားရေးလုပ်ငန်းကော်မတီဥက္ကဋ္ဌ သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာအောင်ဇေယျက အွန်လိုင်းကတဆင့် ပြောကြားခဲ့သည်။

ထို့နောက် စဉ့်ကိုင်မြို့နယ်ရှိ နည်းပညာ၊ သက်မွေးပညာနှင့် လေ့ကျင့်ရေးဆရာအတတ်သင် ကောလိပ် (ဘယ်လင်း) EV အလုပ်ရုံ၌ အဆင့်မြင့် သင်ထောက်ကူနှင့် သုတေသနလုပ်ငန်းသုံးပစ္စည်းများ ဖြည့်ဆည်းထားရှိမှု၊ EV ကားအမျိုးမျိုးဖြင့် သင်တန်းသားများကို လက်တွေ့လေ့ကျင့်နိုင်ရေး ပြင်ဆင်ထားရှိမှုများကို ကြည့်ရှုစစ်ဆေးပြီး EV နည်းပညာရှင်များကို အရည်အသွေးပြည့်မီစွာ ပျိုးထောင်ပေးရန် ဒုတိယဝန်ကြီးက ပြောကြားခဲ့သည်။

နိုင်ငံတော်နှင့် ပြည်သူ့အကျိုးပြု EV သုတေသနလုပ်ငန်းများ ရှင်သန်သက်ဝင်ရေးဆောင်ရွက်ကြရန် လိုအပ်ကြောင်း ပြောကြားခဲ့သည်။

image