၂၀၂၄ ခုနှစ် စစ်တမ်းအရ မြန်မာနိုင်ငံပြည်သူလူထု၏ ရှစ်ရာခိုင်နှုန်းနီးပါး၌ ဆီးချိုးသွေးချိုရောဂါရှိနေ

ဆီးချိုသွေးချိုရောဂါဝေဒနာရှင်များ၏ ထက်ဝက်ကျော်သည် လုံလောက်သည့်ဆေးကုသမှုရရှိနေ

မြန်မာနိုင်ငံတွင် ပြည်သူလူထုအတွင်း မကူးစက်နိုင်သောရောဂါများ ဖြစ်နိုင်ခြေတို့ကို STEPS နည်းလမ်းဖြင့် ဆန်းစစ်ခြင်းသုတေသန (၂၀၂၄) ကို ဆောင်ရွက်ခဲ့ရာတွင် စစ်တမ်း၏ ကနဦးတွေ့ရှိချက်များအနေဖြင့် မြန်မာနိုင်ငံတွင် ပြည်သူလူထု၏ ၇ ဒဿမ ၉ ရာခိုင်နှုန်းမှာ ဆီးချိုသွေးချိုရောဂါရှိနေကြသည်ကို တွေ့ရှိရပြီး ဆီးချိုသွေးချိုရောဂါ ဝေဒနာရှင်များ၏ ထက်ဝက်ကျော်လောက်သည် လုံလောက်သော ဆေးကုသမှုရရှိနေကြကြောင်း ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ပါမောက္ခဒေါက်တာသက်ခိုင်ဝင်းက ပြောသည်။

ယမန်နေ့က ကျင်းပသည့် ၂၀၂၅ ခုနှစ် ကမ္ဘာ့ဆီးချိုးသွေးချိုရောဂါကာကွယ်ထိန်းသိမ်းရေးနေ့အထိမ်းအမှတ် အခမ်းအနား၌ ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်ခိုင်ဝင်းက အထက်ပါအတိုင်းပြောကြားခဲ့ခြင်းဖြစ်သည်။

မကူးစက်နိုင်သောရောဂါများ ကာကွယ်နှိမ်နင်းရေးလုပ်ငန်းများကို ထိရောက်စွာကြိုးစားဆောင်ရွက်ကြလျှင် ပြည်သူလူထု၏ မျှော်မှန်းသက်တမ်းပိုမိုမြင့်တက်လာမည်ဖြစ်ကြောင်း၊ ကျန်းမာရေးနှင့် နှီးနွှယ်နေသည့် မိတ်ဖက်အဖွဲ့အစည်းများကလည်း ဝိုင်းဝန်းဆောင်ရွက်ပေးကြရန်လည်း ပြည်ထောင်စုဝန်ကြီးက မေတ္တာရပ်ခံထားသည်။

ဆီးချိုသွေးချိုရောဂါသည် အရွယ်မတိုင်မီ ‌ေ-သဆုံးမှု (Pre-mature Death) ကို ဖြစ်စေသည့် အဓိကအကြောင်းရင်း တစ်ရပ်ဖြစ်ပြီး ကမ္ဘာ့လူဦးရေ၏ ၁၁ ဒသမ ၁ ရာခိုင်နှုန်းသည် ဆီးချိုသွေးချိုရောဂါခံစားနေရခြင်းလည်း ဖြစ်သည်။

အများစုမှာ အမျိုးအစား (၂) ဆီးချိုရောဂါခံစားနေရပြီး ရောဂါရှိသူများ၏ ၄၃ ရာခိုင်နှုန်းသည် မိမိတို့တွင် ရောဂါရှိနေသည်ကို မသိကြကြောင်း၊ ကမ္ဘာတစ်ဝန်းတွင် ဆီးချိုသွေးချိုရောဂါကြောင့် ‌ေ-သဆုံးသူ ၃ ဒသမ ၄ သန်းခန့် ရှိနေပြီး ‌ေ-သဆုံးမှုအများဆုံးမှာ ဝင်ငွေအလယ်အလတ်နှင့် ဝင်ငွေနည်းပါးသော နိုင်ငံများတွင် ဖြစ်သည်ကို အပြည်ပြည်ဆိုင်ရာဆီးချိုအဖွဲ့ချုပ်၏ အချက်အလက်များအရ သိရသည်။

မြန်မာနိုင်ငံအနေဖြင့် ဆီးချိုသွေးချိုရောဂါ အပါအဝင် မကူးစက်နိုင်သော ရောဂါများကြောင့် ဖြစ်ပွား‌ေ-သဆုံးမှုကို လျှော့ချနိုင်ရေးအတွက် မကူးစက်နိုင်သောရောဂါများ ကာကွယ်နှိမ်နင်းရေးဆိုင်ရာ အမျိုးသားအဆင့် မဟာဗျူဟာ စီမံကိန်း (၂၀၂၃-၂၀၂၇) ကို ရေးဆွဲကောင်အထည်ဖော်ဆောင်ရွက်နေပြီး ကျေးလက်ကျန်းမာရေးဌာနများတွင် ဆီးချိုသွေးချိုနှင့် သွေးတိုးရောဂါ စစ်ဆေးကုသမှု ဆေးခန်းများကို အပတ်စဉ်ဗုဒ္ဓဟူး နေ့တိုင်းဖွင့်လှစ်၍ စစ်ဆေးကုသပေးလျက်ရှိကြောင်း သိရသည်။

image