ရိုမေးနီးယားမှာ နေတိုးအဖွဲ့ အကြီးစားစစ်ရေးလေ့ကျင့်
နေတိုးအဖွဲ့ဝင်နိုင်ငံတွေဟာ မဟာမိတ်အဖွဲ့ရဲ့ အရှေ့ဘက်ခြမ်းကို အားဖြည့်ဖို့အတွက် ရိုမေးနီးယားမှာ အကြီးစားစစ်ရေးလေ့ကျင့်မှု ပြုလုပ်ခဲ့ပါတယ်။
အမေရိကန်ပြည်ထောင်စုဟာ ပိုမိုကျယ်ပြန့်တဲ့ ပြန်လည်ဖွဲ့စည်းရေး ကြိုးပမ်းမှုတွေရဲ့ တစိတ်တပိုင်းအဖြစ် သူ့ရဲ့ စစ်ရေးတည်ရှိမှုကို လျှော့ချနေချိန်မှာ ပူးတွဲစစ်ရေးလေ့ကျင့်မှု ထွက်ပေါ်လာတာပါ။ ပြင်သစ်၊ စပိန်၊ ဘယ်လ်ဂျီယံနဲ့ လူဇင်ဘတ်တို့မှ တပ်ဖွဲ့ဝင် ၁၅၀၀ ခန့်ဟာ အမေရိကန်တပ်ဖွဲ့တွေနဲ့အတူ လေ့ကျင့်မှုမှာ ပါဝင်ခဲ့ပါတယ်။
အကျပ်အတည်းတခုမှာ အလျင်အမြန် တပ်ဖြန့်ချထားနိုင်စွမ်းကို ၅၀၀၀ အထိ မြှင့်တင်ဖို့ ရည်ရွယ်တဲ့ လေ့ကျင့်ခန်းတွေမှာ နိုင်ငံပေါင်း ၁၀ နိုင်ငံ ပါဝင်ခဲ့ပါတယ်။ လေ့ကျင့်မှုတွေမှာ ဒရုန်းစောင့်ကြည့်ခြင်း၊ ရဟတ်ယာဉ်၊ တင့်ကားတွေနဲ့ စစ်ဆင်ရေးတွေလည်း ပြုလုပ်ခဲ့ပါတယ်။ အမေရိကန်ကတော့ လေကြောင်းလေ့ကျင့်မှု အကူအညီတွေပေးခဲ့ပါတယ်။
ရုရှားက ယူကရိန်းကို ကျူးကျော်ပြီးကတည်းက အမေရိကန်ဟာ ရိုမေးနီးယားမှာ တပ်ဖွဲ့ဝင်အများအပြာ ဖြန့်ကြက်ချထားခဲ့ပါတယ်။ ဒါပေမယ့်လည်း ကမ္ဘာလုံးဆိုင်ရာ တပ်ဖြန့်ထားမှုတွေကို ပြန်လည်သုံးသပ်နေချိန်မှာ ရိုမေးနီးယားက တပ်အချို့ကို ပြန်လည်ရုပ်သိမ်းဖို့ စီစဉ်ထားတယ်လို့ အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်က ပြောကြားထားပါတယ်။
မဟာမိတ်အဖွဲ့မှာ ရိုမေးနီးယားရဲ့ အခန်းကဏ္ဍကို မြှင့်တင်နိုင်ကြောင်း ၊ ရိုမေးနီးယားနဲ့ ဥရောပတို့ဟာ နေတိုးအဖွဲ့အတွင်း ပိုမိုအားကောင်းလာပြီး ဥရောပအတွင်းရှိ အဓိကကျလာတယ်လို့ ရိုမေးနီးယားနိုင်ငံခြားရေးဝန်ကြီး အိုနာတိုအီက ပြောပါတယ်။ အမေရိကန်ကတော့ နေတိုးအဖွဲ့ဝင် ဥရောပနိုင်ငံတွေအနေနဲ့ ဒေသကာကွယ်ရေးကို ပိုမိုလုပ်ဆောင်ဖို့ တိုက်တွန်းထားပါတယ်။
ကျင့်
