အိုင်ယာလန်နှင့်ပွဲတွင် ပထမဆုံးအနီကတ်ပြသခြင်းခံရပြီးနောက် ကမ္ဘာ့ဖလားအဖွင့်ပွဲကိုပါ လွဲချော်လာတော့မယ့် ခရစ္စတီယာနိုရော်နယ်ဒို
=======================

ခရစ္စတီယနိုရော်နယ်ဒိုဟာ ကြာသပတေးနေ့ညတုန်းက အိုင်ယာနှင့် ကမ္ဘာ့ဖလားခြေစစ်ပွဲတွင် ကြမ်းတမ်းစွာ ကစားမှုအတွက် အနီကတ်ပြထုတ်ပယ်ခြင်းခံရပြီးနောက် ပေါ်တူဂီရဲ့ ၂၀၂၆ ကမ္ဘာ့ဖလားအဖွင့်ပွဲကို လွဲချော်လာတော့မှာလည်း ဖြစ်ပါတယ်။

Aviva Stadium ပွဲစဉ်မတိုင်မီ သတင်းစာရှင်းလင်းပွဲတွင် ခရစ္စတီယာနိုရော်နယ်ဒိုက ဒဗ္ဗလင်တွင် ပရိသတ်များရဲ့ လှောင်ပြောင်မှုခံရရန် မျှော်လင့်ကြောင်း ပြောကြားသွားခဲ့ပါတယ်။

နောက်တစ်နေ့မှာတော့ အသက် ၄၀ နှစ်ရှိ ပေါ်တူဂီအသင်းခေါင်းဆောင်ဟာ အိုင်ယာလန်နှင့်ပွဲမှာ ၂၂၆ ပွဲမြောက် နိုင်ငံတကာပွဲ ပါဝင်ကစားခဲ့ပါတယ်။

ဒါပေမယ့်လည်း ခရစ္စတီယာနိုရော်နယ်ဒိုရဲ့ ယင်းပွဲတွင် တိုက်ရိုက်အနီကတ်ပြထုတ်ပယ်ခြင်းခံခဲ့ရပါတယ်။

ယူနိုက်တက်နှင့် ရီးရဲလ်မက်ဒရစ်စူပါစတားဟောင်းဟာ ပွဲချိန် ၆၁ မိနစ်တွင် ဒါရာအိုရှီးယားကို တံတောင်ဖြင့် တွက်မှုအတွက် အဝါကတ်ပြသခြင်းခံခဲ့ရပါတယ်။

ဒါပေမယ့် VAR က ယင်းဖြစ်ရပ်ကို စစ်ဆေးပြီးတဲ့နောက် အဝါကတ်မှ အနီကတ်သို့ တိုးမြှင့် ပြသလာခဲ့ပါတယ်။ ဒီအနီကတ်က ခရစ္စတီယာနိုရော်နယ်ဒိုအတွက် ပေါ်တူဂီအသင်းတွင် ကစားစဉ်အတွင်း ပထမဆုံးပြသခံရတဲ့ အနီကတ်လည်း ဖြစ်ပါတယ်။

ခရစ္စတီယာနိုရော်နယ်ဒိုဟာ ယင်းအနီကတ်ကြောင့် ၂ ပွဲပယ်ပြစ်ဒဏ် ချခံလာရမှာ ဖြစ်ပြီး ပထမဆုံးပွဲအဖြစ် တနင်္ဂနွေနေ့ အာမေးနီးယားနှင့် ကမ္ဘာ့ဖလားခြေစစ်ပွဲ နောက်ဆုံးပွဲကို လွဲချော်လာပါမယ်။ ဒါအပြင် သူဟာ ပေါ်တူဂီတို့ ခြေစစ်ပွဲအောင်မြင်လာပါက ၂၀၂၆ ကမ္ဘာ့ဖလားအုပ်စုအဖွင့်ပွဲကို လွဲချော်လာပါမယ်။

ခရစ္စတီယာနိုရော်နယ်ဒိုဟာ ယင်းပွဲတွင် အနီကတ်ပြသခံရပြီး ကွင်းမှ ထွက်ခွာလာစဉ် ပရိသတ်များကို မျက်ရည်သုတ်တဲ့ပုံစံ လုပ်ပြခဲ့ပါသေးတယ်။

ခရစ္စတီယာနိုရော်နယ်ဒိုအတွက် ပိုပြီးတော့ ဆိုးရွားလာနိုင်တာကတော့ တကယ်လို့များ ကြမ်းတမ်းစွာ ဖျက်ထုတ်ကစားမှုအတွက် ဖီဖာက ၃ ပွဲပယ်ပြစ်ဒဏ်ချမှတ်ခံလာရနိုင်တာပါ။

ဖီဖာစည်းကမ်းထိန်းသိမ်းရေးကော်မတီကသာ ၂ ပွဲပယ်ပြစ်ဒဏ်မချမှတ်ဘဲ ၃ ပွဲပယ်ပြစ်ဒဏ် ချမှတ်လာမယ်ဆိုရင် ခရစ္စတီယာနိုရော်နယ်ဒိုဟာ ကမ္ဘာ့ဖလားအုပ်စုအဖွင့်ပွဲ ၂ ပွဲအထိ လွဲချော်လာပါမယ်။

မနေ့ညကပွဲတွင် အိုင်ယာလန်ဟာ ပွဲချိန် ၁၇ မိနစ်နှင့် ၄၅ မိနစ်တို့မှာ ပါရော့တာ သွင်းယူတဲ့ သွင်းဂိုး ၂ ဂိုးဖြင့် ပေါ်တူဂီကို အံ့ဩသင့်ဖွယ် အနိုင်ရရှိခဲ့ပါတယ်။

ပေါ်တူဂီဟာ မတ်လတုန်းက နေးရှင်းလိဂ်တွင် ဒိန်းမတ်ကို ရှုံးနိမ့်ပြီးနောက် ပထမဆုံးရှုံးပွဲ ကြုံတွေ့လာတာ ဖြစ်ပါတယ်။

၎င်းတို့အနေဖြင့် တနင်္ဂနွေနေ့ အာမေးနီးယားအား အနိုင်ရရှိလာပါက ၇ ကြိမ်မြောက် ကမ္ဘာ့ဖလားဆက်တိုက်အောင်မြင်နိုင်ခွင့် ရှိပါသေးတယ်။ ပေါ်တူဂီဟာ စက်တင်ဘာလတုန်းက အာမေးနီးယားကို ၅-၀ ဂိုးဖြင့် အနိုင်ရထားခဲ့တာလည်း ဖြစ်ပါတယ်။

image