ကမ္ဘာ့ဖလားအိပ်မက် အဆုံးသတ်သွားပြီဖြစ်တဲ့ အိုနာနာ၊ အမ်ဘူမိုတို့ရဲ့ ကင်မရွန်း
===================

ဒီမိုကရက်တစ်ကွန်ဂိုဟာ ၂၀၂၆ ကမ္ဘာ့ဖလားခြေစစ်ပွဲ အာဖရိကဇုန် ပလေးအော့ဖ်ဆီမီးဖိုင်နယ်တွင် ချန်ဆယ်အမ်ဘမ်ဘာရဲ့ နောက်ကျအနိုင်ဂိုးဖြင့် ကင်မရွန်းကို အနိုင်ယူပြီး ပလေးအော့ဖ်ဗိုလ်လုပွဲသို့ တက်ရောက်လာခဲ့ပြီ ဖြစ်ပါတယ်။

ဒီမိုကရက်တစ်ကွန်ဂိုဟာ ကမ္ဘာ့ဖလားခြေစစ်ပွဲအောင်မြင်ရေး နောက်ဆုံးတိုက်ပွဲအဖြစ် ပလေးအော့ဖ်ဗိုလ်လုပွဲမှာ နိုင်ဂျီးရီးယားနှင့် ရင်ဆိုင်ကစားလာရမှာလည်း ဖြစ်ပါတယ်။

ကွန်ဂိုအသင်းခေါင်းဆောင်ဟာ နာကျင်အချိန်ပို ပထမမိနစ်မှာ လူကပ်ထားတဲ့ကြားက အဝေးထောင့်သို့ သွင်းယူပြီး တောင်အာဖရိကဖလား ၅ ကြိမ်ချန်ပီယံကို အံ့ဩသင့်အောင် လုပ်ဆောင်ခဲ့တာလည်း ဖြစ်ပါတယ်။

ကင်မရွန်းဟာ ကမ္ဘာ့ဖလား ၈ ကြိမ်ဝင်ရောက်ယှဉ်ပြိုင်ထားကာ ကမ္ဘာ့ဖလားအများဆုံးပြိုင်ဆိုင်ခွင့်ရ အာဖရိကနိုင်ငံအဖြစ် ရပ်တည်နေပေမယ့်လည်း အသင်း ၄၈ သင်းဖြင့် တိုးမြှင့်ကျင်းပလာမယ့် ၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲကို လွဲချော်လာတော့မှာလည်း ဖြစ်ပါတယ်။

ကွန်ဂိုဟာ ဇိုင်ရီအမည်ဖြင့် ၁၉၇၄ ခုနှစ် ကမ္ဘာ့ဖလားတစ်ကြိမ်တည်းသာ ကစားခဲ့ဖူးတဲ့ အသင်း ဖြစ်ပါတယ်။

တဖက်တွင် နိုင်ဂျီးရီးယားကလည်း မော်ရိုကိုရဲ့ မြို့တော်တွင် ဂါဘွန်ကို ၄-၁ ဖြင့် အနိုင်ယူကာ ပလေးအော့ဖ်ဗိုလ်လုပွဲသို့ တက်လာခဲ့ပါတယ်။

ပလေးအော့ဖ်ဗိုလ်လုပွဲတွင် အနိုင်ရတဲ့အသင်းက အခြားအာဖရိက ၅ သင်းနှင့်အတူ ကမ္ဘာ့ဖလားသို့ တက်ရောက်ခွင့် ရရှိလာပါမယ်။

ကင်မရွန်းဟာ ၁၉၈၂ ခုနှစ်တွင် ပထမဆုံးကမ္ဘာ့ဖလားဝင်ခွင့် ရပြီးနောက် ကမ္ဘာ့ဖလား ၃ ကြိမ်တည်းသာ လွဲချော်ခဲ့ဖူးပါတယ်။

၎င်းတို့ဟာ ကမ္ဘာ့ဖလားခြေစစ်ပွဲ အုပ်စုတွင် ထိပ်ဆုံးမှ ကိတ်ဗာဒီ (ခြေစစ်ပွဲတိုက်ရိုက်အောင်)နဲ့ ရမှတ် ၄ မှတ်ကွာဟမှုနှင့်အတူ ပလေးအော့ဖ်မှ တဆင့် ခြေစစ်ပွဲအောင်မြင်ရေး ထပ်မံ ကြိုးပမ်းခဲ့ရတာပါ။ ၎င်းတို့ဟာ အဝေးကွင်း ၅ ပွဲတွင် ၁ ပွဲတည်းသာ အနိုင်ရရှိမှုနဲ့အတူ တိုက်ရိုက်ခြေစစ်ပွဲ မအောင်မြင်ခဲ့တာလည်း ဖြစ်ပါတယ်။

ဒီမိုကရက်တစ်ကွန်ဂိုနှင့် နိုင်ဂျီးရီးယားတို့ဟာ ကမ္ဘာ့ဖလားခြေစစ်ပွဲ နောက်ဆုံး တိုက်ပွဲအဖြစ် နိုဝင်ဘာလ ၁၆ ရက်နေ့ တနင်္ဂနွေနေ့မှာ ရင်ဆိုင်ကစားကြပါမယ်။

image