ဒေါ်နယ်ထရမ့်ရဲ့ လွတ်ငြိမ်းချမ်းသာခွင့် ရရှိလာတဲ့ စပါးစ်ပိုင်ရှင်ဟောင်းဂျိုးလီဝစ်
=======================
ဗြိတိန်ဘီလျှံနာစီးပွားရေးလုပ်ငန်းရှင် ဂျိုးလီဝစ်ဟာ အမေရိကန်သမ္မတဒေါ်နယ်ထရမ့်ရဲ့ လွတ်ငြိမ်းချမ်းသာခွင့်ရရှိလာပါတယ်။
အသက် ၈၈ နှစ်ရှိ ဘီလျှံနာဟာ ပြီးခဲ့တဲ့နှစ်တုန်းက အတွင်းလူကုန်သွယ်မှု၊ ပူးပေါင်းကြံစည်မှု စွဲချက်များဖြင့် စွဲချက်တင်ခြင်းခံခဲ့ရတာ ဖြစ်ပြီး ပေါင် ၄ သန်း ဒဏ်ရိုက်ခြင်းခံခဲ့ရပါတယ်။
ယနေ့တွင် Financial Times က အမေရိကန်သမ္မတဒေါ်နယ်ထရမ့်က ဂျိုးလီဝစ်အား လွတ်ငြိမ်းချမ်းသာခွင့်ပေးလိုက်ပြီ ဖြစ်ကြောင်း ဖော်ပြလာပါတယ်။
အိမ်ဖြူတော်က ဂျိုးလီဝစ်အား လွတ်ငြိမ်းချမ်းသာခွင့်ပေးလိုက်ကြောင်း မကြာမီ ကြေညာလာမှာလည်း ဖြစ်ပါတယ်။
ဂျိုးလီဝစ်ဟာ စပါးစ်အသင်းပိုင်ရှင်တစ်ဦးဖြစ်ခဲ့သူ ဖြစ်ပြီး ၂၀၂၂ ခုနှစ်တုန်းက မိသားစုပိုင် Lewis Family Trust ထံ လွဲပြောင်းပေးခဲ့ပါတယ်။
တဆက်တည်းတွင် သူဟာ အလုပ်အားလုံးမှ အနားယူကြောင်းလည်း ကြေညာလာဖို့ ရှိနေပါတယ်။
Lewis Family Trust ဟာ ယခုနှစ် အစောပိုင်းတုန်းက ဥက္ကဌဟောင်းဒါနီရယ်လီဗိုင်း နုတ်ထွက်သွားပြီးနောက် စပါးစ်ရဲ့ လုပ်ငန်းဆောင်တာများကို ထိန်းချုပ် လုပ်ဆောင်လာခဲ့ပါတယ်။
ဂျိုးရဲ့ သမီး ဗီဗီယန်နီနှင့် သား ချားလ်တို့က စပါးစ်ကို ဆက်လက်ဦးဆောင်နေတာ ဖြစ်ပါတယ်။ ဒါ့အပြင် ဗီဗီယန်နီရဲ့ သမီးရဲ့ ခင်ပွန်းနစ်ဘတ်ချာကလည်း စပါးစ်တွင် ပါဝင်လုပ်ဆောင်နေပါတယ်။
ဂျိုးလီဝစ်ဟာ ၂၀၂၃ ခုနှစ်တုန်းက 2023 Sunday Times Rich List တွင် အဆင့် ၃၉ ချိတ်ခဲ့သူလည်း ဖြစ်ပါတယ်။
သူ့တွင် ပေါင်သန်း ၁၉၀ တန်ကြေးရှိ ဇိမ်ခံရွက်လှေ၊ ပေါင်သန်း ၇၀ တန်ဖိုးရှိ ကိုယ်ပိုင်လေယာဉ်၊ ပေါင်သန်း ၈၀ တန်ဖိုးရှိ ရှေးဟောင်းအနုပညာပစ္စည်းများလည်း ပိုင်ဆိုင်သူ ဖြစ်ပါတယ်။