လိင်အကြမ်းဖက်မှုကြောင့် တရားရင်ဆိုင်လာရတော့မယ့် ယူနိုက်တက်
========================

ယူနိုက်တက်ဟာ ကလပ်တွင် ဝတ်စုံမန်နေဂျာ၊ ကွင်းထိန်းသိမ်းရေးတို့အဖြစ် တာဝန်ထမ်းဆောင်ခဲ့သူတစ်ဦးမှာ သမိုင်းတွင်မယ့် လိင်အကြမ်းဖက်မှု ပြုလုပ်ခဲ့မှုနှင့်အတူ တရားရင်ဆိုင်လာရတော့မှာလည်း ဖြစ်ပါတယ်။

ကလပ်ရဲ့ Cliff လေ့ကျင့်ရေးကွင်းတွင် ၁၉၈၀ ခုနှစ်များတွင် တာဝန်ထမ်းဆောင်ခဲ့တဲ့ ဘီလီဝတ်အမည်ရှိ လူတစ်ဦးက အထက်ပါအမှုများကို ကျူးလွန်ခဲ့တာပါ။ ယင်းလူဟာလည်း ၂၀၀၉ ခုနှစ်ကတည်းက ကွယ်လွန်သွားခဲ့ပြီး ဖြစ်ပါတယ်။

ဒါပေမယ့် အရပ်သားတစ်ဦးက ဘီလီဝတ်ရဲ့ လိင်အကြမ်းဖက်မှု ခံခဲ့ရပြီး ကလပ်ဘက် တစုံတရာအကာအကွယ်ပေးခဲ့ခြင်း မရှိကြောင်း မရှိကြောင်း တရားစွဲဆိုလာခဲ့တာလည်း ဖြစ်ပါတယ်။

BBC က ယူနိုက်တက်ကို ယင်းအမှုနှင့်ပတ်သက်ပြီး မေးမြန်းလာချိန်မှာ တစုံတရာ ဖြေကြားခြင်း မရှိပါဘူး။

ယင်းအမှုကို ကိုင်တွယ်နေတဲ့ Simpson Millar ဥပဒေရေးရာကုမ္ပဏီရဲ့ ရှေ့နေများက ဥပဒေရေးရာကြောင့် တရားလိုရဲ့ အမည်ကို ဖော်ထုတ်သွားခဲ့ခြင်း မရှိတာပါ။

ဒါ့အပြင် ရှေ့နေတို့က ယူနိုက်တက်မှာ အမှုရဲ့ တရားဥပဒေလုပ်ငန်းစဉ်တွင် ပူးပေါင်း ပါဝင် လုပ်ဆောင်ရန်လည်း ငြင်းဆိုထားကြောင်းလည်း စွပ်စွဲထားပါတယ်။

ယူနိုက်တက်လေ့ကျင့်ရေးကွင်းတွင် တာဝန်ထမ်းဆောင်ခဲ့တဲ့ ဝတ်ဟာ ယင်းလိင်အကြမ်းဖက်မှုကြောင့် ၁၉၈၉ ခုနှစ်တွင် ကလပ်တွင်း အရေးယူခြင်းခံခဲ့ရပြီးလည်း ဖြစ်ပါတယ်။

ယခု တရားလိုဟာ လိင်အကြမ်းဖက်မှု ခံခဲ့ရပြီးနောက် ကလပ်ဘက်က တစုံတရာ ဂရုစိုက်မှု ပြုလုပ်ပေးရန် ပျက်ကွက်မှုနှင့်အတူ ယူနိုက်တက်ကို တရားစွဲဆိုမှု ပြုလုပ်လာတာပါ။

image