အမေရိကန်နိုင်ငံသားများကို လိမ်လည်သည့် လူကုန်ကူးခံရသူများဖြင့် လုပ်ကိုင်နေသော လိမ်လည်မှုစင်တာများကို လုပ်ကိုင်နေသည်ဟု စွပ်စွဲချက်ဖြင့် မြန်မာလက်နက်ကိုင်အဖွဲ့ Democratic Karen Benevolent Army (DKBA)နှင့် ထိုင်းကုမ္ပဏီ Trans Asia International Holding Group Thailand Co., Ltd., မြန်မာကုမ္ပဏီ Troth Star Co., Ltd. တို့ကို အမေရိကန် ဘဏ္ဍာရေးဝန်ကြီးဌာန၏ နိုင်ငံခြားပိုင်ဆိုင်မှုထိန်းချုပ်ရေးရုံး Office of Foreign Assets Control (OFAC) မှ ဗုဒ္ဓဟူးနေ့တွင် ပိတ်ဆို့အရေးယူမှုများ ချမှတ်သည်။
ကရင်ပြည်နယ်၊ မြဝတီအနီးတွင်တည်ရှိသော Taishang Center ကို DKBA ထိန်းချုပ်နယ်မြေတွင် လည်ပတ်နေသော အဓိကလိမ်လည်စင်တာအဖြစ် OFAC က ဖော်ထုတ်သတ်မှတ်ခဲ့သည်။ ၎င်းကို DKBA ဗိုလ်မှူးချုပ် စိုင်းကျော်လှက တရုတ်ရာဇဝတ်သားရင်းနှီးမြှုပ်နှံသူများအတွက် ရှေ့ထွက်သူအဖြစ် ဆောင်ရွက်သော Trans Asia နှင့် ပူးပေါင်း၍ တည်ထောင်ခဲ့သည်ဟု ဆိုသည်။
တဦးချင်းအရ ပိတ်ဆို့အရေးယူသည့် စာရင်းတွင် Trans Asia မှ ထိုင်းနိုင်ငံသား Chamu Sawang (Chamnarn Sawang)၊ DKBA မှ စောစတီး၊ စောစိန်ဝင်း၊ စောဆန်းအောင်၊ စိုင်းကျော်လှ တို့ပါဝင်သည်။
#guide4u
