ထိုင်း-ကမ္ဘောဒီးယားနယ်စပ်တင်းမာမှုပြန်မြင့်တက်လာ၊လူတစ်ဦးေ-သဆုံး
ထိုင်းနှင့် ကမ္ဘောဒီးယားနိုင်ငံတို့အကြား ဗုဒ္ဓဟူးနေ့တွင် ပဋိပက္ခပြင်းထန်လာခဲ့ပြီး ကမ္ဘောဒီးယားဘက်ခြမ်း၌ လူတစ်ဦးေ-သဆုံးခဲ့သည်။
အငြင်းပွားနယ်စပ်ဒေသတွင် အပြန်အလှန်ပ-စ်ခ-တ်မှုဖြစ်ပွားခဲ့ခြင်းနှင့် ပတ်သက်၍ တစ်ဖက်ကိုတစ်ဖက် အပြစ်ဆိုခဲ့ကြပြီး အမေရိကန် က ကြားဝင်ပေးခဲ့သော အပ-စ်အခ-တ်ရပ်စဲရေး သဘောတူညီချက်ကို အန္တရာယ်ရှိလာစေခဲ့သည်။
ဗုဒ္ဓဟူးနေ့ ဒေသစံတော်ချိန် ညနေ ၃း၅၀ နာရီတွင် အငြင်းပွားနေသော နယ်စပ်ရွာအနီး၌ ထိုင်းတပ်များကစ၍ ပ-စ်ခဲ့ကြောင်း ကမ္ဘောဒီးယားကာကွယ်ရေးဝန်ကြီးဌာနက ပြောကြားခဲ့သည်။
ပ-စ်ခ-တ်မှုတွင် လူတစ်ဦးေ-သဆုံးကာ သုံးဦးဒ-ဏ်ရာရခဲ့ကြောင်း ဝန်ကြီးဌာန၏ သတင်းထုတ်ပြန်ချက်တွင် ဖေါ်ပြထားသည်။
ထိုင်းစစ်တပ် ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ် ဝင်ထိုင်းဆူဝရီးကမူ ကမ္ဘောဒီးယားစစ်သားများက ထိုင်းနိုင်ငံဘက်ကို အရင်ဦးစွာပ-စ်ခ-တ်ခဲ့ခြင်းဖြစ်သည်ဟု ပြောကြားခဲ့သည်။
“တို-က်ပွဲ စည်းမျဉ်းစည်းကမ်းတွေနဲ့အညီ ထိုင်းတပ်ဖွဲ့တွေက အကာအကွယ်ယူပြီး တုန့်ပြန် သတိပေးပ-စ်ခ-တ်မှုလုပ်ခဲ့ပါတယ်” ဟု ၎င်းက ဆိုခဲ့ကာ ထိုင်းဘက်ခြမ်းတွင် ထိခိုက်ကျဆုံးမှု မရှိခဲ့ကြောင်းနှင့် ဖြစ်စဉ်သည် ၁၀ မိနစ်ခန့်ကြာခဲ့ပြီးနောက် ပြန်လည်ငြိမ်သက်သွားခဲ့ကြောင်း ဆက်လက်ပြောကြားခဲ့သည်။
ထိုင်းဘက်က ဆာကာအိုပြည်နယ် ဘန်နောင်ယာကွေကျေးရွာပိုင်နယ်မြေဖြစ်သည်ဆိုခဲ့ကာ ကမ္ဘောဒီးယားဘက်ကလည်း ဘန်တေးမီယန်ချေးပြည်နယ်ရှိ ပရေချန်းကျေးရွာပိုင်မြေဖြစ်သည်ဆိုသည့် အငြင်းပွားနယ်စပ်အခြေချနေရာသည် ယခင်ကလည်း နှစ်ဖက်ထိပ်တိုက်တွေ့မှုများဖြစ်ပွားခဲ့ရာ နယ်မြေတစ်ခုဖြစ်သည်။