ယူရို-၂၀၂၈ အိမ်ရှင်အခွင့်အရေးက ဝေးလ်စ်အသင်းကို ကိုင်တွယ်ဖို့ ကြီးမားတဲ့လှုံ့ဆော်မှုဖြစ်စေခဲ့တယ်လို့ ဘယ်လာမီ ဆို

ဝေးလ်စ်လက်ရွေးစင်အသင်းရဲ့နည်းပြ ဘယ်လာမီက ဝေးလ်စ်အသင်းကို ကိုင်တွယ်ခဲ့တာဟာ ယူရို-၂၀၂၈ အိမ်ရှင်အခွင့်အရေးရဲ့ ကြီးမားတဲ့ လှုံ့ဆော်မှုကြောင့်ဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။
ဝေးလ်စ်အသင်းရဲ့ ပွဲအများဆုံးကစားသမား(၁၀)ဦး၊ ဂိုးအများဆုံးကစားသမား(၁၀)ဦးစာရင်းတွေမှာ ပါဝင်တဲ့ တိုက်စစ်မှူးဟောင်း ဘယ်လာမီဟာ ၂၀၂၄ ဇူလိုင်မှာ ဝေးလ်စ်အသင်းကို စတင်ကိုင်တွယ်ခဲ့တာပါ။
ဝေးလ်စ်နိုင်ငံဟာ ယူရို-၂၀၂၈ ပြိုင်ပွဲကို အင်္ဂလန်၊ အိုင်ယာလန်၊ စကော့တလန်တို့နဲ့အတူ ပူးတွဲအိမ်ရှင်အဖြစ် လက်ခံကျင်းပခွင့်ရရှိထားတာဖြစ်ပြီး ဘယ်လာမီကို အဲဒီပြိုင်ပွဲပြီးတဲ့အထိ စာချုပ်ချုပ်ဆိုထားခြင်းဖြစ်ကြောင်း သိရပါတယ်။
''ကျွန်တော် ကမာ့ဖလားခြေစစ်ပွဲ အောင်ချင်ပါတယ်။ အဲဒီအတွက် အရာရာလုပ်ဆောင်နေပါတယ်။ ဒါပေမဲ့ ယူရို-၂၀၂၈ ကတော့ အကြီးမားဆုံးလှုံ့ဆော်မှုပါ။ ဒါကြောင့် ကျွန်တော် ဒီအသင်းနဲ့ စာချုပ်ချုပ်ဆိုခဲ့တာပါ'' လို့ ဘယ်လာမီက ပြောကြားခဲ့ပါတယ်။
ဝေးလ်စ်အသင်းဟာ ၂၀၂၆ ကမာ့ဖလားခြေစစ်ပွဲမှာ Play-offs ကတစ်ဆင့် ခြေစစ်ပွဲအောင်မြင်ဖို့ ကြိုးစားရဖွယ်ရှိနေကြောင်း သိရပါတယ်။

image