အထပ်မြင့်များ၌ ဂျပန်ငလျင်ကာကွယ်ရေးနည်းပညာ အသုံးပြုလာ
မြန်မာနိုင်ငံမှာ အထပ်မြင့်အဆောက်အအုံတွေ ဆောက်လုပ်တဲ့အခါမှာ ငလျင်ဒဏ် ကာကွယ်နိုင်တဲ့ သံချောင်း ဆက် ဂျပန်နည်းပညာသစ်တွေကို အသုံးပြုလာပြီ ဖြစ်တယ်လို့ Myanmar Fuso Technology ကုမ္ပဏီက သိရပါ တယ်။
အဲဒီသံချောင်းဆက် ဂျပန်နည်းပညာကို မြန်မာနိုင်ငံက ၂၀၁၉ ခုနှစ်ကစပြီး တရာဝင် ဆောင်ရွက်ခွင့် ရရှိခဲ့တာပါ။ ဂျပန်နိုင်ငံက နည်းပညာနဲ့ပတ်သက်လို့ စာတွေ၊ လက်တွေ့သင်တန်းတွေ ပို့ချပြီး သင်တန်းဆင်း လက်မှတ် ရရှိတဲ့သူတွေကသာ လုပ်ငန်းလုပ်ကိုင်ဆောင်ရွက်ခဲ့ကြတာ ဖြစ်ပါတယ်။
အဲဒီနည်းပညာကို အဆောက်အအုံအသစ် ဆောက်လုပ်နေကြတဲ့ နေရာတွေမှာ အသုံးပြုလာတာက (၂၀၁၉) ခုနှစ် မှာ အဆက်ပေါင်း(၆)သောင်းကျော်၊ (၂၀၂၀)ခုနှစ်မှာ အဆက်ပေါင်း(၉)သောင်းကျော်၊ (၂၀၂၄)ခုနှစ်ကနေ လက်ရှိ အချိန်ထိ အဆက်ပေါင်း (၂)သိန်းကျော် ဆောင်ရွက်ခဲ့ပြီး ဖြစ်တယ်လို့ ဆိုပါတယ်။ အခုနည်းပညာက ပုံမှန်သံ ချောင်းဆက်တာထက် သက်သာပြီး မြန်မာနိုင်ငံနဲ့ကိုက်ညီတဲ့အတွက် အသုံးပြုသင့် တယ်လို့လည်း ဦးပြည့်စုံဟိန်း က ပြောပါတယ်။
သံချောင်းဆက် ဂျပန်နည်းပညာသစ်ကို မြန်မာနိုင်ငံက ရရှိဖို့အတွက် (၂၀၁၇)ခုနှစ်က အကြိမ်ကြိမ် ဆွေးနွေးမှုတွေ ဆောင်ရွက်ခဲ့ရပြီး မြန်မာနိုင်ငံဟာ ငလျင်ဇုန်ထဲမှာ ရှိနေတဲ့အတွက် နည်းပညာအသုံးပြုခွင့်ကို ဂျပန်က တရားဝင် ပေးခဲ့တာ ဖြစ်ပါတယ်။ အဲဒီ သံချောင်းဆက်နည်းပညာကို တရားဝင် အသုံးပြုခွင့်ရရှိတာက အရှေ့တောင်အရှမှာ မြန်မာနိုင်ငံနဲ့ ဗီယက်နမ် နိုင်ငံ (၂)နိုင်ငံသာ တရားဝင် အသုံးပြုခွင့် ပေးထားတာ ဖြစ်တယ်လို့ Myanmar Fuso Technology ကုမ္ပဏီကနေ သိရပါတယ်။