3 ပတ် - ဘာသာပြန်ပါ။

ဘရာဇီးလ်နိုင်ငံ၏ (၂၀၃)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ်ဧည့်ခံပွဲကို မြန်မာနိုင်ငံတော်သီချင်းနှင့် ဘရာဇီးလ်နိုင်ငံတော်သီချင်းတို့ဖြင့်ဖွင့်လှစ်

ဘရာဇီးလ်နိုင်ငံ၏ (၂၀၃)ကြိမ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ်ဧည့်ခံပွဲကို နိုဝင်ဘာ ၁၁ ရက်ညပိုင်းက ရန်ကုန်မြို့ရှိ မြန်မာနိုင်ငံဆိုင်ရာ ဘရာဇီးလ်နိုင်ငံ သံ အမတ်ကြီးနေအိမ်၌ကျင်းပခဲ့ကြောင်း သိရသည်။
နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးသန်းဆွေ၊ ရန်ကုန်တိုင်းဝန်ကြီးချုပ်ဦးစိုးသိန်းတို့တက်ရောက်ခဲ့ပြီး အခမ်းအနားကို မြန်မာနိုင်ငံတော်သီချင်းနှင့် ဘရာဇီးလ်နိုင်ငံတော်သီချင်းတို့ဖြင့်ဖွင့်လှစ်ခဲ့ပြီးနောက် ဘရာဇီးလ်နိုင်ငံသံအမတ်ကြီး H.E. Mr. Gustavo Rocha de Menezes မှနှုတ်ခွန်းဆက်စကားနှင့် ဆုတောင်းစကားပြောကြားခဲ့သည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့် တက်ရောက်လာကြသူများအား ဘရာဇီးလ်နိုင်ငံ၏ (၂၀၃)ကြိမ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ်အဖြစ် ဘရာဇီးလ်နိုင်ငံသံရုံးမှ ညစာဖြင့်တည်ခင်းဧည့်ခံခဲ့သည်။

image