ဒုတိယအကြိမ်မဲဆန္ဒရှင်စာရင်းကြေညာရာ၌ အမှန်တကယ်ပါဝင်သင့်သည့် မဲဆန္ဒရှင်စာရင်းများကျန်ရှိမှုမရှိစေရေး အလေးထားရန် စစ်ကိုင်းတိုင်းဝန်ကြီးချုပ်ပြော
ဒုတိယအကြိမ်မဲဆန္ဒရှင်စာရင်း ကြေညာရာ၌ အမှန်တကယ်ပါဝင်သင့်သည့် မဲဆန္ဒရှင်စာရင်းများ ကျန်ရှိမှုမရှိစေရေး အလေးထားရန် စစ်ကိုင်းတိုင်းဝန်ကြီးချုပ် ဦးမြတ်ကျော်ကပြောကြားခဲ့ကြောင်း သိရသည်။
ယနေ့ နိုဝင်ဘာ ၁၁ ရက်နံနက်ပိုင်းက ကျင်းပသည့် ၂၀၂၅-ခုနှစ်၊ ပါတီစုံဒီမိုကရေစီအထွေထွေ ရွေးကောက်ပွဲအောင်မြင်စွာကျင်းပနိုင်ရေးနှင့် မဲဆန္ဒရှင်စာရင်းမှန်ကန်စေရေးလုပ်ငန်းညှိနှိုင်းအစည်းအဝေး (၄/၂၀၂၅)တွင်ပြောကြားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
မဲဆန္ဒရှင်စာရင်းများကို ယခု နိုဝင်ဘာလအတွင်း၌ ဒုတိယအကြိမ်အဖြစ် ထပ်မံကပ်ထားကြေညာသွားမည်ဖြစ်၍ အမှန်တကယ်ပါဝင်သင့်သည့် မဲဆန္ဒရှင်စာရင်းများ ကျန်ရှိမှုမရှိစေရေး၊ မပါသင့်သည့်စာရင်းများပါရှိမှုမရှိစေရေးနှင့် အချက်အလက်မှားယွင်းခြင်းများမရှိစေရေးတို့ကို အလေးထားသတိပြုရန်မှာကြားခဲ့ကြောင်း သိရသည်။
ထို့ပြင် ရွေးကော်ပွဲကျင်းပရန်(၄၅)ရက်သာလိုတော့၍ တိုင်းအတွင်းရွေးကောက်ပွဲအောင်မြင်စွာကျင်းပနိုင်ရေး၊ မဲဆန္ဒရှင်စာရင်းများမှန်ကန်စေရေးတို့အတွက် ဝိုင်းဝန်းဆောင်ရွက်ကာ နိုင်ငံတော်၏ အမျိုးသားရေးတာဝန်အားကျေပွန်စွာထမ်းကြရမည်ဟုလည်း ပြောကြားခဲ့ကြောင်း သိရသည်။