ရိုးသားခြင်းရဲ့ဂုဏ်ကို မသေးသိမ်ပါစေနဲ့
-----------------------------------------
ရိုးသားခြင်းသည်
" အ"ခြင်း" တုံး" ခြင်း မဟုတ်ပါဘူး။
ရိုးသားပါက လူတွေရဲ့အသုံးချခြင်းကို
ခံရနိုင်တယ်လို့ ပြောကြပါတယ်။
ဒါက ရိုးသားမှုရဲ့ ဂုဏ်ကို မှေးမှိန်စေပါတယ်......။
အသုံးချခံရခြင်းသည်
ရိုးသားမှုကြောင့်လို့ ခေါင်းစဉ်တပ်လို့ မရပါဘူး။
အားနာတတ်ခြင်း (ဒါမှမဟုတ်)
ညံ့ခြင်းကြောင့်သာလျှင် ဖြစ်သည်။
မှန်မှန်ကန်ကန် တွေးခေါ်နိုင်စွမ်းရှိသူသည်
ရိုးသာခြင်းမည်သည်။
မှန်ကန်သည့် အတွေးအခေါ်သည်
ရိုးသားခြင်းကနေ ဖြစ်ပေါ်လာသည်။
ထက်ထက်မြတ်မြတ်နှင့် ရိုးသားသူတွေ ရှိပါတယ်။
ထိုသူတို့ကို အသုံးချဖို့ကြိုးစားလျှင်
မောရုံသာပင် ရှိပေလိမ့်မယ်......။
ရိုးသားခြင်းက အလိမ်ခံရနိုင်တယ်လို့ပြောကြတယ်
ဒါကလည်း ရိုးသားမှုရဲ့ဂုဏ်ကို သေးသိမ်စေတယ်။
အလိမ်ခံရခြင်းသည် အားနာတတ်ခြင်း(သို့မဟုတ်)
လောဘကြီးခြင်းကြောင့်သာလျှင် ဖြစ်သည်။
စကားကို တည်ကြည်ဖြောင့်မှန်စွာ ပြောတတ်သူသည်
ရိုးသားခြင်းမည်သည်။
မဟုတ်မမှန် လိမ်ညာပြောဆိုခြင်းသည် မရိုးသားခြင်းဖြစ်သည်။
ဆင်ခြင်တုံတရားရှိပြီး ဗဟုသုတနဲ့ပြည့်စုံသော
စဉ်းစားဉာဏ်ရှိသော ရိုးသားသူကို
မည်သူကများ လိမ်ညာလို့ ရနိုင်မည်နည်း......။
ပညာတတ်ပြီး ထိုပညာကြောင့် မာန်မာန
ထောင်လွှားခြင်း မရှိလျှင် ရိုးသားခြင်းပင်ဖြစ်သည်။
ပစ္စည်းဥစ္စာ ကြွယ်ဝချမ်းသာသော်လည်း
ထိုပိုင်ဆိုင်မှုကို ကြွားဝါခြင်း ဂုဏ်မောက်ခြင်း မရှိပဲ
နှိမ့်ချစွာ နေခြင်းသည် ရိုးသားခြင်းပင်ဖြစ်သည်။
ထိုကြောင့် ရိုးသားပါ အားမနာပါနဲ့။
တကယ်တော့ ရိုးသားခြင်းဆိုတာက
အင်မတန်မှ ရှားပါးပြီး
တန်ဖိုးကြီးတဲ့ အရာပဲဖြစ်ပါတယ်.....။
အားလုံးပဲ ရိုးသားခြင်းရဲ့ဂုဏ်ကို
ပိုင်ဆိုင်နိုင်သောသူများ ဖြစ်နိုင်ကြပါစေ.............။
ဘဝမြင်ကွင်း