ဂျပန်နိုင်ငံ အရှေ့မြောက်ပိုင်းတွင် ပြင်းအား ၆.၂ အဆင့်ရှိ ငလျင်လှုပ်ခတ်ခဲ့

ဂျပန်နိုင်ငံ အရှေ့မြောက်ပိုင်း ဆန်ရိကူး ကမ်းရိုးတန်းတွင် ပြင်းအား ၆ ဒသမ ၂ အဆင့်ရှိ ငလျင်လှုပ်ခတ်သွားခဲ့ကြောင်း သိရသည်။ ဒေသစံတော်ချိန် လေးနာရီ နှစ်ဆယ့်သုံးမိနစ် (၀၇၂၃ ဂရင်းနစ်စံတော်ချိန်) တနင်္လာနေ့တွင် ငလျင်လှုပ်ခြင်းဖြစ်‌ကြောင်း ဂျပန်မိုးလေဝသအေဂျင်စီက ပြောကြားခဲ့သည်။
အဆိုပါငလျင်သည် အနက် ၁၀ ကီလိုမီတာခန့်တွင် စတင်ဖြစ်ပွားခဲ့သည်။ ပင်လယ်ရေမျက်နှာပြင် ပြောင်းလဲမှု အနည်းငယ်ဖြစ်ပေါ်နိုင်သော်လည်း ဆူနာမီဖြစ်နိုင်သည့် အန္တရာယ်မရှိကြောင်း မိုးလေဝသဌာနက ပြောကြားခဲ့သည်။
အဆိုပါငလျင်သည် တိုဟိုကူဒေသတဝှမ်းရှိ နေရာအများအပြားတွင် ဂျပန်နိုင်ငံ၏ ငလျင်စကေး ၇ အဆင့်တွင် ၃ ပြင်းအား လှုပ်ခတ်ခဲ့သည်။
ထိခိုက်ဒ-ဏ်ရာရမှု သို့မဟုတ် ထိခိုက်မှုမရှိကြောင်း ချက်ချင်းသတင်းရရှိသည်။

image