3 ပတ် - ဘာသာပြန်ပါ။

မြန်မာနိုင်ငံသားများ၏အနာဂတ်ကို မြန်မာနိုင်ငံသားများကသာ ဖန်တီးပိုင်ခွင့်ရှိ

မြန်မာနိုင်ငံသားများ၏အနာဂတ်ကို မြန်မာနိုင်ငံသားများကသာ ဖန်တီးပိုင်ခွင့်ရှိသည်ဟု အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ သတင်းထုတ်ပြန်ရေးအဖွဲ့ခေါင်းဆောင်ဗိုလ်ချုပ်ဇော်မင်းထွန်းမှ ယနေ့ နိုဝင်ဘာ ၁၀ ရက်က ပါတီစုံဒီမိုကရေစီအထွေထွေရွေး ကောက်ပွဲနှင့် ပတ်သက်၍ပြောကြားရာ၌ ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။
မြန်မာနိုင်ငံသည် သမိုင်းကြောင်းအရဖြစ်စေ၊ နိုင်ငံရေးမူအရဖြစ်စေ အချုပ်အခြာအာဏာပိုင်ပြီး လွတ်လပ်သည့်နိုင်ငံတစ်နိုင်ငံဖြစ်ကာ ယင်း အချုပ်အခြာအာဏာသည် မြန်မာနိုင်ငံသားများထံမှဆင်းသက်လာခြင်းဖြစ်ပြီး မြန်မာနိုင်ငံတစ်ဝှမ်းလုံးတွင်တည်သည်ဟု ပြော သည်။
မြန်မာနိုင်ငံ၏ပြည်တွင်းရေး၊ မိမိနိုင်ငံ မိမိသမိုင်းကြောင်းနှင့်အညီ ဆောင်ရွက်ရသည့် ရွေးကောက်ပွဲလုပ်ငန်းစဥ်များမှာ မြန်မာနိုင်ငံ၏ ပြည်တွင်းရေးသက်သက်၊ မြန်မာနိုင်ငံသားများအရေးသက်သက်သာဖြစ်၍ တိုင်းတစ်ပါးနိုင်ငံများ ၏ သြဇာအာဏာနှင့် မည်သည့်ဝင်ရောက်စွက်ဖက်မှုမှ ရွေးကောက်ပွဲအောင်မြင်အောင်ကျင်းပရေးခရီးလမ်းကို ပျက်ပြားစေရန်၊ ပြောင်းလဲစေရန်ပြုလုပ်၍မရဟု ပြောသည်။
" မြန်မာနိုင်ငံသားတွေရဲ့အနာဂတ်ကို မြန်မာနိုင်ငံသားတွေကသာ ဖန်တီးပိုင်ခွင့်ရှိပါတယ်။ မြန်မာ့အရေးကို ရွေးကောက်ပွဲမဲပေးတဲ့ နိုင်ငံသားတွေကပဲ အသိအမှတ်ပြုဆုံးဖြတ်ရပါမယ်။ မြန်မာနိုင်ငံမှာ တရားမျှတတဲ့ အ ထွေထွေရွေးကောက်ပွဲကို ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့အ ညီ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ကဦးဆောင်ပြီးကျင်းပပေးသွားပါမယ်"ဟု ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောသည်။
ထို့ပြင် ရွေးကောက်ပွဲနှင့်ပတ်သက်၍ မလိုလားသူများမှ ပြည်သူများအား ထင်ယောင်ထင်မှားဖြစ်စေရန် အမျိုးမျိုးပြောဆိုနေခြင်းများ၊ သွေးထိုးလှုံ့ဆော်နေမှုများကိုတွေ့နေရသော်လည်း ယခု ကျင်းပမည့်ရွေးကောက်ပွဲ၌ မဲပေးပိုင်ခွင့်ရှိသည့်နိုင်ငံသားတိုင်း မဲပေးကြရန်လည်း ဗိုလ်ချုပ်ဇော်မင်းထွန်းက အလေးအနက်ထားတိုက်တွန်းပြောကြားခဲ့သည်။

image